မေမြင့်မိုရ်ကို ချစ်တဲ့ ပရိသတ်တွေက မေမြင့်မိုရ်တစ်ယောက် Stay Home ကာလမှာ လေ့ကျင့်ခန်း ပုံမှန်လုပ်နိုင်ဖို့ အတွက် ပြေးစက်တစ်လုံး လက်ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
Photo: May Myint Mo
မေလ(၁၁) ရက်နေ့က သရုပ်ဆောင် မေမြင့်မိုရ်ရဲ့ မွေးနေ့လေးပါ။ မေမြင့်မိုရ်ရဲ့ မွေးနေ့အတွက် သူမရဲ့ပရိသတ်တွေက လက်ဆောင်ပစ္စည်းတွေ ပို့ပေးပြီး Surprise လုပ်ပေးခဲ့ကြပါတယ်။ ပရိသတ်တွေ ပေးတဲ့ လက်ဆောင်တွေထဲမှာမှ သူမအတွက် Surprise ဖြစ်ခဲ့ရတဲ့ လက်ဆောင်လေး ရှိပါတယ်တဲ့။
“ ဒီနှစ်ကတော့ မေ့ရဲ့ မွေးနေ့ကိတ်တွေကို May’s Maymily လေးတွေနဲ့ အတူတူခွဲချင်ပေမယ့် မောင်လေးနဲ့ ပဲအတူတူ မွေးနေ့ကိတ်ခွဲလိုက်ရပါတယ်။ ဒီနှစ်အတွက် Surprise လက်ဆောင်ကတော့ ပြေးစက် ဖြစ်ပါတယ်။ အိမ်မှာနေရင် ဝနေမှာ စိုးလို့တဲ့ May’s maymily တွေ အားလုံးစုပြီးတော့ BH က ပြေးစက်ကို ဝယ်ပေးကြတယ်။ အိမ်မှာနေရင်း ဝိတ်မတက်ပဲ လှနေအောင်ပါတဲ့။ သေသေချာချာနဲ့ ရိုရိုသေသေ အသုံးပြုပါမယ်ရှင့်။ မေ လိုအပ်တာလေးတွေကို လိုက်ကြည့်ပြီး လက်ဆောင်ပေးတတ်ကြတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ” ဆိုပြီးတော့ မေလ ၁၁ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ Facebook Page မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။
ဒီနှစ် မွေးနေ့ကိုတော့ အိမ်မှာနေရင်း မောင်လေးနဲ့အတူတူ ဖြတ်သန်းခဲ့တယ်လို့ မေမြင့်မိုရ်က ပြောပါတယ်။
Photo: May Myint Mo
မေမြင့်မိုရ်ဟာ သူမအတွက် မွေးနေ့ဆုတောင်းကို ပရိသတ်တစ်ယောက်ချင်းစီ စုပြီးဗီဒီယိုဖိုင်နဲ့ ဆုတောင်းပေးခဲ့ကြလို့ အရမ်းပျော်ခဲ့တယ်လို့ ဆိုပါတယ်။
“ မေ့ကို မွေးနေ့ ဆုတောင်းပေးကြတဲ့ ဗီဒီယို ဖိုင်လေးကိုလည်း အရမ်းသဘောကျပါတယ်။ ဒီ ဗီဒီယိုလေးကို ပြန် Down ပြီး တင်လိုက်ပါမယ်။ နောက်နှစ်တွေမှာ ပရိသတ်တွေနဲ့ အတူတူ မွေးနေ့ကို ဖြတ်သန်းချင်တာပါ။ မွေးနေ့မှာ လူတွေအများကြီးနဲ့အတူတူပျော်ချင်ပေမယ့် နောက်နှစ်မှပဲ လုပ်ရတော့မှာပေါ့။ ပရိသတ်တွေဆီက ရေမွှေးလက်ဆောင် ၊ မွေးနေ့ ကိတ် လက်ဆောင်၊ ပန်းစည်း လေးတွေလည်း ရပါသေးတယ်” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။
Photo: May Myint Mo
သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။