သူ့ရဲ့ Fan တစ်ယောက်က ထူးခြားတဲ့ ဝက်ဝံရုပ်တစ်ရုပ်ကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ထူးအောင်တစ်ယောက် ဘယ်လောက်တောင်ပျော်လိုက်မလဲ။
Photo : ထူးအောင်
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ထူးအောင်ကတော့ Fan တစ်ယောက်ရဲ့ လက်ဆောင်ကြောင့် အပျော်ကြီး ပျော်ခဲ့ရပါတယ်။ သူ့ရဲ့ ပရိသတ်က ဝက်ဝံရုပ်ထဲမှာ iphone 11 Promax တစ်လုံးထည့်ပြီး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
“ထူးခြားတဲ့ဝက်ဝံရုပ်.၂၅ရက်နေ့ကဒီအရုပ်လေးကိုFanတစ်ယောက်ကလက်ဆောင်ပေးခဲ့တယ်။ကျွန်တော်လဲရိုက်ကူးရေးလုပ်နေတာကြောင့်အမှတ်တမဲ့ပဲထားလိုက်တယ်။ဒီနေ့မှထုတ်ကြည့်တော့မှစာလေးတစ်ဆောင်တွေ့တယ်။တွေ့လိုက်ရတာ Iphone11 Promax 512GBတစ်လုံး။ဖြစ်ချင်တော့ ကျွန်တော်လဲ အဲ့အရောင်အဲ့အမျိုးအစားကို မှာထားပြီးသားဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်အမှတ်တရတော့ဖြစ်ခဲ့ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ပို့ပေးတဲ့သူကို” ဆိုပြီး စက်တင်ဘာ(၂၇) ရက်နေ့ က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
Photo : ထူးအောင်
ပရိသတ်တွေရဲ့ အားပေးမှုက အနုပညာရှင်တိုင်းအတွက် အားဆေးတစ်ခွက်လို့ ဆိုရမှာပါ။ ထူးအောင်အနေနဲ့လည်း ပရိသတ်ပေးတဲ့ လက်ဆောင်ကြောင့် ကြည်နူးနေသလို သူ့ကို အခုလို အားပေးတဲ့ ပရိသတ်တွေရှိလို့ ဝမ်းသာနေမှာ အမှန်ပါပဲ။ သူကတော့ ပရိသတ်တွေအတွက် အများကြီး ဆက်ကြိုးစားသွားဦးမယ်လို့ ပြောထားပါသေးတယ်။
ထူးအောင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလို့နေတာပါ။ လက်ရှိမှာ “စစ်ကား” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်လျက်ရှိပြီး နေတိုး၊ ကျော်ကျော်ဗို၊ရွှေထူး၊ အေးမြတ်သူ၊ နွယ်ဒါလီထွန်းတို့နဲ့အတူ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။
Photo : ထူးအောင်
သူဟာ Romance ဆန်တဲ့ အချစ်ဇာတ်ကားလေးတွေ ရိုက်ချင်သေးတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ကျွန်တော်ကတော့ အကုန်လုံးကို ရိုက်ပြချင်တယ်။ ကျွန်တော် လုပ်ပြချင်တဲ့အရာတွေလည်း အများကြီးရှိပါတယ်။ အက်ရှင်ဆိုရင်လည်း ပိုမိုက်တဲ့ အက်ရှင်ဇာတ်ကားမျိုးလေးတွေ ကျွန်တော် ရိုက်ပြချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အခု ကြိုးစားနေတုန်းပဲရှိပါတယ်။ Romance ကားလေးတွေလည်း ကျွန်တော် ရိုက်ချင်သေးတယ်။ ဒီနှစ်ထဲမှာ ရိုက်မယ့် ဇာတ်ကားတွေထဲမှာ အချစ်ကားလေးကတော့ နည်းဦးမယ်။ ၂၀၂၀ ထဲမှာတော့ ရိုက်နိုင်အောင် ကြိုးစားမှာပါ’’လို့ သူကဆိုပါတယ်။
Photo : ထူးအောင်
Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။ အခုဆိုရင်တော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။
Share