စိုင်းစိုင်းက ပရိသတ်တစ်ဦးပေးတဲ့ ဂစ်တာလေးနဲ့ ရုပ်ရှင်ဇာတ်ဝင်သီချင်းတစ်ပုဒ်ကို ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ ဈေးတော့သိပ်မကြီးပေမယ့် တန်ဖိုးကတော့ တော်တော်ကြီးပါတယ်တဲ့။
Photo : စိုင်းစိုင်း
စိုင်းစိုင်းရဲ့ မွေးနေ့တုန်းက ပြည်တွင်းဖြစ် ဂစ်တာလေးတစ်လုံး လက်ဆောင်ရခဲ့တာပါ။ သူ့ရဲ့ ပရိသတ်တစ်ယောက်က Show ပွဲအထိ အဲဒီ ဂစ်တာကိုသယ်ပြီး သူ့ဆီရောက်အောင် ပေးခဲ့တာကြောင့် ဈေးတော့ သိပ်မကြီးပေမယ့် တန်ဖိုးကတော့ တော်တော်ကြီးတယ်လို့ ဆိုပါတယ်။
“မွေးနေ့တုန်းကပြည်တွင်းဖြစ် ဂစ်တာလေးတစ်လုံးလက်ဆောင်ရတယ် ပေါ့ပေါ့ပါးပါးလေး ဈေးတော့သိပ်ကြီးမယ်မဟုတ်ဘူး တန်ဖိုးတော့တော်တော်ကြီးပါတယ် ဘာလို့ဆို သူ့ခမျာ ဒီဂစ်တာကြီးကို Show ပွဲအထိသယ်လာ သောင်းချီတဲ့ လူအုပ်ထဲကနေ စင်ပေါ်က ကျွန်တော့်ဆီကို ရောက်အောင်ပေးခဲ့တာပါ” ဆိုပြီး မေလ(၁၇) ရက်နေ့က စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။
Photo : စိုင်းစိုင်း
အခုတော့ အဲဒီပရိသတ်ပေးတဲ့ အဲဒီဂစ်တာလေးက နောက်ထပ် တန်ဖိုးထပ်တက်သွားပြီလို့ ဆိုပါတယ်။ အဲဒီဂစ်တာလေးနဲ့ပဲ ရုပ်ရှင်ဇာတ်ဝင်သီချင်းတစ်ပုဒ်ကို ရေးခဲ့တာ ဖြစ်တယ်လို့ စိုင်းစိုင်းက ပြောထားပါတယ်။
“အခုပိုပြီးတော့ နောက်ထပ်တန်ဖိုးထပ်တက်လာပြီ ဘာလို့ဆို ကျွန်တော်လိုအပ်နေတဲ့ အရေးကြီးတဲ့ ရုပ်ရှင် ဇာတ်ဝင်သီချင်းတစ်ပုဒ်ကို ဒီဂစ်တာနဲ့ ရေးဖြစ်ခဲ့လို့ပါပဲဘာရယ်မဟုတ်ဘူး လက်ဆောင်ပေးတဲ့သူ ဘယ်သူလည်းမသိပေမယ့် သူ့ကိုပျော်ရွှင်စေချင်လို့ ပေးရကျိုးနပ်တဲ့အကြောင်း ဒီစာကို ကျွန်တော်ရေးပါတယ် တီးနေရင်းနဲ့ ကြိုးတစ်ချောင်းပြတ်သွားတယ်။ကျွန်တော်တို့ကြားက သံယောဇဉ်ကြိုးက ဘယ်တော့မှပြတ်မယ် ကျွန်တော်မထင်ပါ” ဆိုပြီး သူက ဆက်လက်ပြောထားပါသေးတယ်။
Photo : စိုင်းစိုင်း
စိုင်းစိုင်းက လက်ရှိမှာ မေလ(၂၅) ရက်နေ့တွင် မန္တလေးမှာ ပြုလုပ်မယ့် တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် အလုပ်တွေ ရှုပ်လို့နေပါတယ်။ မန္တလေးမှာ (၂)နှစ်ကျော်ကြာ ဖျော်ဖြေပွဲ မလုပ်ဖြစ်တဲ့ စိုင်းစိုင်းကတော့ မကြာခင် ပရိသတ်တွေနဲ့ တွေ့ဆုံရတော့မှာမို့ ရင်ခုန်လို့နေပါတယ်။
Sai Sai Mandalay Show ပွဲကို မေလ ၂၅ ရက်နေ့ မန္တလာသီရိကွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဒီဖျော်ဖြေပွဲကိုလည်း Sai Sai Birthday Show တုန်းကလိုပဲ ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ Show ပွဲ လက်မှတ်တွေကိုတော့ OMG , OZONE , 501 , မန်းသီရိ , လှိုင်း , ကြည်ပြာ တို့မှာ ဝယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။
Photo : စိုင်းစိုင်း
သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။
သူဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ေ ယာက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။