City FM မှာ ဆုရခဲ့ပါတယ်။

လူငယ်အဆိုတော် G Fatt က City FM နှစ်ပြည့်အခမ်းအနားမှာ ရေပန်းအစားဆုံး အမျိုးသား အဆိုတော် ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

Photo : G Fatt

အဆိုတော် G Fatt က သူ့ရဲ့ ပရိသတ်တွေအတွက် အားအင်တွေအပြည့်နဲ့ ဆက်ပြီး ကြိုးစားနေဦးမှာပါလို့ ဆိုပါတယ်။ ပရိသတ်တွေအနေနဲ့ကလည်း သူဂုဏ်ယူရတဲ့ ပရိသတ်တွေ ဖြစ်နေရတာကြောင့် သူ့အနေနဲ့လည်း ပရိသတ်တွေ ဂုဏ်ယူရတဲ့သူ တစ်ယောက် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

"ကျွန်တော့်ပရိသတ်တွေဂုဏ်ယူရမယ့် အဆိုတော် ဖြစ်ချင်တယ်။ ကျွန်တော့် ပရိသတ်တွေဆိုလည်း ကျွန်တော် လေးစားဂုဏ်ယူရတဲ့ ပရိသတ်တွေပဲ သူတို့က အမြဲတမ်းဆို သလို အမှိုက်ကောက်တာတွေ၊အလှူအတန်းလုပ်တာတွေ အဲဒီလုပ်ရပ်လေးတွေက ကျွန်တော် အမြဲ ဂုဏ်ယူရတယ် ကျွန်တော့်အကြောင့်လည်း ဂုဏ်ယူရတယ်ဆိုတဲ့ ကျွန်တော်တို့ ကြားထဲမှာ နှစ်တွေ အများကြီး ချစ်ကြပြီး သွားချင်ပါတယ်" လို့ ဖေဖော်ဝါရီ(၁)ရက်နေ့က City FM ပွဲမှာ Duwun ကိုပြောခဲ့တာပါ။

G Fatt အတွက် ၂၀၂၀ခုနှစ်က ကံကောင်းစေတဲ့ နှစ်တစ်နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင် ကျ‌ရောက်တော့မယ့် ချစ်သူများနေ့အစီအစဉ်နဲ့ ပတ်သက်လို့လည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

"ချစ်သူများနေ့မှာ ဘန်နီဖြိုးရဲ့ ရှိုးပွဲမှာ ရှိပါမယ်။ ဘန်နီ့ပွဲကို သွားအားပေးမှာပါ" လို့ သူက ဆက်လက် ပြောပြခဲ့ပါတယ်။

Photo : G Fatt

G Fatt ဟာ Shwe FM က ဆုချီးမြှင့်တဲ့ "Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု" ကိုလည်း "အကယ်၍ လက်ထပ်ခဲ့ကြရင်" ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။



Share

Loading Next Article...
က္က