အဆိုတော် ယုန်လေးကတော့ လူရွှင်တော် ဧရာနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ထူးတို့ဆီက ဆန်နဲ့ ထီလက်မှတ်တွေ ဝယ်ထားတာလို့ သိရပါတယ်။
Photo: Yone Lay
အဆိုတော် ယုန်လေးကတော့ လူရွှင်တော် ဧရာဆီက ထီလက်မှတ်တွေ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ထူးဆီက ဆန်တွေ ဝယ်ပြီး ပရိသတ်အယောက်(၅၀၀) ကို လှူဒါန်းသွားမယ့်အကြောင်း ပြောပြလာပါတယ်။
" 28 ၊ 29 ရက်နေ့ အလှူ အတွက် ကိုဧရာ ဆီက လူအယောက် (၅၀၀)စာ တစ်ယောက် (၃ စောင်) နှုန်းနဲ့ ထီလက်မှတ် အစောင်ရေ (၁၅၀၀) ၊ ကိုကျော်ထူး ဆီက ဆန် (၃ပြည်)အိတ်၊ လူအယောက် (၅၀၀ )စာ အိတ် (၅၀၀) အားပေးခဲ့ပါပြီ။ ကျန်တာတွေ ထပ်စီစဉ်နေပါသေးတယ်။ အလှူရှင် ထပ်တိုးရင် အရေတွက် ထပ်တိုးပါမယ်။ ထီတွေပေါက်ရင်တော့ အရမ်းပျော်ဖို့ကောင်းသွားပြီ။ ထီတွေ ပေါက်ကျဖို့ ဗုဒ္ဓဟူးနေ့ အဓိဌာန်ဝင်ပါမယ် ခင်များ . . အားလုံး ဝိုင်းဆုတောင်းပေးကြပါဦး" ဆိုပြီးတော့ သြဂုတ်လ(၂၄) ရက်နေ့ ည (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။
Photo: Yone Lay
ယုန်လေးကတော့ ရိုက်ကူးရေးလုပ်ဖို့ (၁) နှစ်ပိတ်ပင်ခံထားရပေမယ့် ပရဟိတအလုပ်တွေကို ပြန်လည် လုပ်ကိုင်နိုင်ဖို့ လုပ်ခွင့်ရသလောက် အနုပညာအလုပ်လေးတွေ ပြန်လုပ်နေတာ တွေ့ရပါတယ်။ သူရရှိတဲ့ အနုပညာကြေးနဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်လျှက်ရှိပါတယ်။ ယုန်လေးဟာ Covid ကာလအတွင်းမှာလည်း COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာများ လိုအပ်နေတဲ့ ဆေးရုံ၊ ရပ်ကွက် နဲ့ မြို့နယ်တွေကို သွားရောက် လှူဒါန်းခဲ့ပါသေးတယ်။ ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် လက်မနှေးသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
Photo: Yone Lay
အဆိုတော် ယုန်လေးကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ " စည်းလုံးသင့်ပြီ မြန်မာပြည်"ဆိုတဲ့ Music Video ရိုက်ကူးရေးကို ကိုဗစ်ကာလအတွင်းမှာ ရိုက်ကူးခြင်းကြောင့် ရိုက်ကူးခွင့် တစ်နှစ် ပိတ်ပင်လိုက်တယ်လို့ ဥက္ကဌ ဦးညီညီထွန်းလွင်က သြဂုတ်လ (၇) ရက်နေ့ မနက်က အမှုဆောင်များအစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။ ယုန်လေးဟာ " စည်းလုံးသင့်ပြီ မြန်မာပြည်"ဆိုတဲ့ Music Video ကြောင့် အနုပညာရှင်တချို့နဲ့ ပရိသတ်များစွာတို့ရဲ့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။