နည်းပြမော်ရင်ဟိုကို အစားထိုးခန့်အပ်ဖို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အာဆင်နယ်နည်းပြ အမ်မရီအနေနဲ့ ၎င်းဟာ အသင်းအတွက် သင့်တော်တဲ့နည်းပြဖြစ်နေဆဲဖြစ်ကြောင်း အသင်းဘုတ်အဖွဲ့က ယုံကြည်အောင် လုပ်ပြဖို့အတွက် ၄ ပွဲ သတ်မှတ်ပေးခြင်းခံခဲ့ရတယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အူနိုင်းအမ်မရီရဲ့ အခြေအနေဟာ ပြီးခဲ့တဲ့အပတ်တွေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၉ ပွဲမှာ နိုင်ပွဲ ၃ ပွဲသာရရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ဝုဗ်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ထိပ်ဆုံးလေးနေရာနဲ့ ၆ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပြီး လာမယ့်အပတ်မှာ လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။



အာဆင်နယ်အသင်းဟာ နည်းပြအမ်မရီရဲ့ နေရာမှာ အစားထိုးဖို့အတွက် မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အမ်မရီအတွက် ဖိအားတွေ ရှိနေဆဲဖြစ်ပါတယ်။

The Mirror ရဲ့ ဖော်ပြချက်အရ အမ်မရီဟာ အာဆင်နယ်အသင်းဘုတ်အဖွဲ့ရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် နိုဝင်ဘာလတစ်လသာ အချိန်ရရှိတော့တယ်လို့ သိရပြီး နည်းပြရာထူးအတွက် ဖိအားအပြင်းထန်ဆုံးကာလကို ရောက်ရှိနေပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်စတာစီးတီးအသင်းနဲ့ တွေ့ဆုံမယှဉ်ပြိုင်မီ ကြာသပတေးနေ့မှာ ဗစ်တိုးရီးယားအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ကစားသွားဖို့ ရှိနေပြီး နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးမှာတော့ အိမ်ကွင်းမှာ ဆောက်သမ်တန်နဲ့ ဖရန့်ဖတ်အသင်းတို့ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Share

က္က