စတားလင်းကလည်း ဂိုးမက်ဇ်ကို လှောင်ပြောင်ခဲ့တဲ့ပရိသတ်တွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

လီဗာပူးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ မိုဟာမက်ဆာလာတို့ဟာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတဲ့ အသင်းဖော် ဂျိုးဂိုးမက်ဇ်ကို အားပေးထောက်ခံတဲ့ သတင်းစကားပေးပို့ခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

ဂျိုးဂိုးမက်ဇ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ရာဟင်းစတားလင်းနဲ့ အင်္ဂလန်လေ့ကျင့်ရေးစခန်းမှာ အချင်းများခဲ့ပြီးနောက် ကြာသပတေးနေ့ညက မွန်တီနီဂရိုးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်နည်းပြဆောက်ဂိတ်ဟာ ဂျိုးဂိုးမက်ဇ်ကို ပွဲပြီးဆုံးဖို့ မိနစ် ၂၀ အလိုမှာ လူစားဝင်ကစားစေခဲ့တာဖြစ်ပြီး စတားလင်းကိုတော့ ဂျိုးဂိုးမက်ဇ်နဲ့ အချင်းများမှုကြောင့် လူစာရင်းကနေ ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ မွန်တီနီဂရိုးအသင်းကို ၇-၀ နဲ့ အပြတ်အသတ်အနိုင်ယူနိုင်ခဲ့ပေမယ့် အင်္ဂလန်ပရိသတ်တွေဟာ လီဗာပူးနောက်ခံကစားသမား ဂျိုးဂိုးမက်ဇ်ကို ပစ်မှတ်ထား လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

စတားလင်းဟာ ဂျိုးဂိုးမက်ဇ်ကို လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေကို ပြစ်တင်ဝေဖန်ခဲ့တဲ့သူတွေထဲက တစ်ဦးအပါအဝင်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဂျိုးဂိုးမက်ဇ်ရဲ့ လီဗာပူးအသင်းဖော်တွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ မိုဟာမက်ဆာလာတို့က ဂျိုးဂိုးမက်ဇ်နောက်မှာ ထောက်ခံအားပေးနေကြောင်း ပြသခဲ့ကြပါတယ်။

“မြင်တွေ့ရတာ စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် ကျွန်တော် ပြောချင်တာက အဲဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီးဖြစ်ပြီး အားလုံးလည်း အဲဒီအကြောင်းကို ပြောနေတာတွေကို ရပ်သင့်တယ်ဆိုတာပါပဲ”

“အဲဒါက ဖြစ်တတ်တဲ့အရာတစ်ခုပါ။ သူတို့အားလုံး ရှင်းလင်းထားပြီးပါပြီ။ အားလုံးဟာ ရှေ့ဆက်သွားပြီး ဂျိုးဂိုးမက်ဇ်ကို အထူးသဖြင့် တစ်ယောက်တည်း ထားထားသင့်ပါတယ်။ အဲဒါက မြင်တွေ့ရတာ စိတ်ပျက်ဖို့ကောင်းပါတယ်”လို့ ပြောကြားခဲဲ့ပါတယ်။

မိုဟာမက်ဆာလာကလည်း ၎င်းရဲ့အင်စတာဂရမ်အကောင့်မှာ ဂျိုးဂိုးမက်ဇ်နဲ့ ၎င်းတို့ လီဗာပူးအသင်းမှာ လေ့ကျင့်ရေးအတူ ပြုလုပ်နေတဲ့ပုံထဲမှာ အသည်းပုံ ၂ ခု ထည့်သွင်းထားပြီး ဂျိုးဂိုးမက်ဇ်နဲ့အတူတူရှိနေကြောင်းကို သတင်းစကားပေးပို့ခဲ့တာဖြစ်ပါတယ်။

Share

က္က