Covid လူနာတွေ တင်ဖို့ လိုအပ်နေပါတယ်တဲ့။

အိစိကွေးကတော့ COVID-19 ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဆီသို့ Ambulance တစ်စီး လှူဒါန်းသွားမယ်လို့ဆိုပါတယ်။ 

Photo: Eisi Kway



သရုပ်ဆောင် အိစိကွေးနဲ့ သူ့ကို ချစ်တဲ့ ပရိသတ်တွေကတော့ Covid ကာလမှာ လိုအပ်နေတဲ့ အရာလေးကို ဝိုင်းဝန်းလှူဒါန်းသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် Covid ကာကွယ်ရေး လှုပ်ရှားနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီကို Ambulance တစ်စီး စုပေါင်း လှူဒါန်းမယ်လို့ ဆိုပါတယ်။ 

"တစ်ယောက် တစ်ထောင် လှူဒါန်းကြတဲ့ အတွက် အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဝိုင်းလှူဒါန်းကြတဲ့ အလှူငွေတွေနဲ့ Covid လူနာတွေအတွက် Ambulance တစ်စီး ဝယ်ထားပါတယ်။ ကားရတာနဲ့ ကျွန်တော် ပြပါမယ်။ လှူဒါန်းမှုအတွက် သာဓု သာဓု သာဓု ပါဗျ" ဆိုပြီးတော့ စက်တင်ဘာလ(၂၁) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Eisi Kway

အိစိကွေးဟာ Covid ကာလမှာ အနုပညာအလုပ်တွေကို ရပ်နားထားတယ်လို့ သိရပါတယ်။ ဒါကြောင့် မိသားစုရဲ့ စီးပွားရေး လုပ်ငန်းကို ပြန်လည် ဦးဆောင်နေတယ်လို့လည်း Duwun ကနေတဆင့် ပြောပြခဲ့ဖူးပါတယ်။ 

“ ကျွန်တော် အရင်ကတည်းက အမေ့ကို ဒီလုပ်ငန်းကို လိုချင်တဲ့အကြောင်း ပြောတယ်။ လိုချင်တယ် ဆိုတာထက် ကျွန်တော်တို့ လက်ထပ်မှာ ဒီလုပ်ငန်းကို ဆက်သွားချင်တာပါ။ အရည်အသွေးကတော့ လုံးဝ စိုးရိမ်စရာမရှိပါဘူး။ ထမင်းတစ်ပွဲကို ၁၅၀၀ ဆိုပေမယ့် လုံးဝ မနည်းပါဘူး။ ဒီလုပ်ငန်းကိုလည်း အောင်မြင်အောင် လုပ်ချင်တယ်။ မိသားစု လုပ်ငန်းလေး ဖြစ်တဲ့အတွက် တိုးတက်အောင် ကြိုးစားချင်တယ်” လို့ ဆိုပါတယ်။ 

Photo: Eisi Kway

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က