မနှစ်က ပြည်တွင်းဖလား ၃ဆုကို တစ်သင်းတည်း ပိုင်ဆိုင်နိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့ပါသေးတယ်။
မန်စီးတီးအသင်းဟာ အက်စတန်ဗီလာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရပြီး ကာရာဘောင်ဖလားကို ရရှိခဲ့ပြီးနောက် ပြည်တွင်းဖလား နောက်ဆုံး ၉ ကြိမ်ဆက်မှာ ၈ ကြိမ်အထိ ချန်ပီယံ ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။
အခုလိုမျိုး စံချိန်ကိုတော့ ပြည်တွင်းဖလားသမိုင်းမှာ အခြားဘယ်အသင်းမှ မစွမ်းဆောင်ထားနိုင်သေးပဲ အခြားသော ဥရောပအသင်းတွေလည်း စွမ်းဆောင်ထားနိုင်ခြင်းမရှိသေးဘူးလို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။
မန်စီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာက ၂၀၁၆ ခုနှစ်မှာ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ် ၂ ကြိမ်အပါအဝင် မနှစ်က အက်ဖ်အေဖလားနဲ့လိဂ်ဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။
ဒါ့အပြင် တစ်ရာသီအတွင်း ကလပ်အသင်းသမိုင်းတစ်လျှောက် ပြည်တွင်းဖလား ၃ ခုစလုံးရရှိအောင် ပထမဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။
မန်စီးတီးအသင်းကတော့ လိဂ်ဖလားကို အခုလို ရရှိခဲ့တာကြောင့် ၃နှစ်ဆက်တိုက် ရရှိအောင်စွမ်းဆောင်နိုင်တဲ့ ဒုတိယမြောက်အသင်းလည်း ဖြစ်လာခဲ့ပါပြီ။
၂၀၁၇-၁၈၊၂၀၁၈-၁၉နဲ့ ၂၀၁၉-၂၀ ခုနှစ်တွေမှာ ၃နှ်စဆက်ရရှိခဲ့တာ ဖြစ်ပြီး အရင်တုန်းက လီဗာပူးအသင်းအနေနဲ့ ၄နှစ်ဆက်တိုက်အထိ ရရှိခဲ့တာပါ။