ယခုနှစ် ဇန်နဝါရီလအတွင်း အွန်လိုင်းပေါ်မှ တစ်ဆင့် အလုပ်လျှောက်ထားမှုပေါင်း ၁ သိန်းခွဲကျော် ရှိခဲ့တယ်လို့ ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်တဲ့ MyJobs.com.mm က ထုတ်ပြန်ပါတယ်။
MyJobs.com.mm ဝက်ဘ်ဆိုက်ပေါ်မှာ ဇန်နဝါရီတစ်လအတွင်း အလုပ်လျှောက်ထားမှုပေါင်း ၁ သိန်းခွဲကျော် ရှိလာခဲ့တာ ဖြစ်ပြီး လျှောက်ထားသူအများစုဟာ ရန်ကုန်မှ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တမ်းအရ အလုပ်လျှောက်ထားသူတွေထဲမှ ရန်ကုန် (၄၆%) ၊ မန္တလေး (၂၂%) ၊ ရှမ်းပြည်နယ် (၁၄%) ၊ နေပြည်တော် (၁၁%) နဲ့ တနင်္သာရီ (၇%) တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Photo: Human Resource Online
လုပ်ငန်းခွင် နယ်ပယ်တွေအနေနဲ့ စာရင်းကိုင် ၊ အရောင်းပိုင်း ၊ HR & Admin ၊ မီဒီယာနယ်ပယ် နဲ့ ဈေဂကွက်မြှင့်တင်ရေး နယ်ပယ်တို့ဟာ အလုပ်အကိုင် ရှာဖွေမှု အများဆုံးဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ MyJobs ဝက်ဘ်ဆိုက်ဟာ လုပ်ငန်းနယ်ပယ်အစုံမှ အလုပ်ခေါ်စာ ၄၀၀၀ ကျော် ရှိပြီး Sales & Business Development ၊ Engineering ၊ Accounting & Finance ၊ Marketing Media & Creative ၊ FMCG & Consumer Goods စတဲ့ အလုပ်အကိုင် နယ်ပယ်တွေမှာ ဝန်ထမ်းခေါ်ယူမှု မြင့်မားနေတယ်လို့ ထုတ်ပြန်ပါတယ်။
၂၀၁၈ နှစ်ဆန်းပိုင်းက စပြီး ပြည်တွင်းမှာ အွန်လိုင်းကနေ အလုပ်လျှောက်ထားမှု မြင့်တက်လာခဲ့ပါတယ်။ ၂၀၁၈ မတ်လကုန်ပိုင်းမှာ လုပ်ငန်းရပ်ဆိုင်းသွားခဲ့တဲ့ work.com.mm ရဲ့ စစ်တမ်းအရ ၂၀၁၈ ဇန်နဝါရီလအတွင်း အွန်လိုင်းပေါ်ကနေ အလုပ်လျှောက်ထားမှုဟာ ၃၀၀၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၇ နိုဝင်ဘာနဲ့ ဒီဇင်ဘာလများထက် ၁၂.၁၂% နဲ့ ၃.၃၄% စီ တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။
work.com.mm ဝက်ဘ်ဆိုက်ပေါ်မှာ ၂၀၁၇ နိုဝင်ဘာနဲ့ ဒီဇင်ဘာ နှစ်လအတွင်း အလုပ်လျှောက်ထားမှုဟာ ၂၆၈၆၉ ခုနဲ့ ၂၉၅၅၅ စီ ရှိခဲ့တာလည်း ဖြစ်ပါတယ်။