ဘာစီလိုနာနဲ့ ရီးရဲလ်တို့ကလည်း စိတ်ဝင်စားနေပါတယ်။

ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေကြပြီး စပါးကတော့ ပေါင်သန်း ၂ဝဝအထိ စျေးနှုန်းသတ်မှတ်ထားပါတယ်။


တော့တင်ဟမ်ဟော့စပါအသင်းဟာ သူတို့အသင်းတိုက်စစ်မှူးဟယ်ရီကိန်းကို ပြည်တွင်းပြိုင်ဘက်အသင်းတွေဆီ ရောင်းချသွားမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ထားကြောင်းသိရပါတယ်။ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ စပါးနဲ့ စာချုပ်သက်တမ်းလေးနှစ်အထိ ကျန်ရှိနေသေးသူဖြစ်ပြီး အသင်းကထွက်ခွာနိုင်တယ်လို့ သတင်းတွေထွက်နေခဲ့တာပါ။ 

ဟယ်ရီကိန်းအနေနဲ့ ကစားသမားဘဝအောင်မြင်မှုရရှိဖို့ ဆန္ဒရှိနေပြီး စပါးအသင်းနဲ့ဆိုပါက အဆိုပါဆန္ဒတွေပြည့်ဝမှာမဟုတ်ဘူးလို့ ယုံကြည်ခံစားနေရကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း စပါးက ဘောလုံးပွဲတွေရပ်ဆိုင်းထားခဲ့ရလို့ ဘဏ္ဍာရေးပြသနာတွေနဲ့ ရင်ဆိုင်နေရပြီး ဖြေရှင်းဖို့အတွက် ကိန်းကို ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ 

ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေကြပြီး စပါးကတော့ ပေါင်သန်း ၂ဝဝအထိ စျေးနှုန်းသတ်မှတ်ထားပါတယ်။ လီဗိုင်းအနေနဲ့ ကိန်းကို အဆိုပါပမာဏရရှိမယ်ဆိုပါက ရောင်းချသွားမှာဖြစ်ပေမယ့် ပြည်တွင်းပြိုင်ဘက်တွေဆီကိုတော့ မရောင်းချဘူးလို့ ဆုံးဖြတ်ထားကြောင်း BBC က ဖော်ပြခဲ့ပါတယ်။ 

စပါးအသင်းအလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးကတော့ ပုံမှန်အချိန်မှာဆိုရင် ရရှိနိုင်ဖို့ လွယ်ကူနိုင်ပေမယ့် အခုလိုမျိုး ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေပြီး ဘဏ္ဍာရေးထိခိုက်မှုတွေရှိနေတဲ့အချိန်မှာတော့ ရရှိနိုင်ဖို့ မလွယ်ကူပါဘူး။ စပါးအတွက်တော့ ဟယ်ရီကိန်းကို ရောင်းချခဲ့မယ်ဆိုပါက ဘဏ္ဍာရေးပြသနာအထိုက်အလျောက်ပြေလည်သွားနိုင်မှာဖြစ်ပေမယ့် အဓိကကစားသမားတစ်ဦးကို လက်လွှတ်ဆုံးရှုံးရမှာဖြစ်လို့ ဘေးကျပ်နံကျပ်ပြသနာနဲဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က