ဘားအံမြို့ ချစ်သူမြိုင်ပန်းခြံ ဖျော်ဖြေပွဲမှာ။

စိုင်းစိုင်းခမ်းလှိုင်က ဘားအံမြို့ ချစ်သူမြိုင်ပန်းခြံ ဖျော်ဖြေပွဲမှာ ပရိသတ် ၂ သောင်းကျော် လာရောက်အားပေးကြတာဖြစ်လို့ ဝမ်းသာမဆုံးဖြစ်လို့ နေပါတယ်. သူဟာလက်ရှိမှာလည်း အနုပညာအလုပ်တွေ နဲ့ ပတ်သက်ပြီး ကြိုးစားနေဆဲလူတစ်ယောက်ပါလို့ ရင်ဖွင့်ပြောပြထားပါသေးတယ်.

Photo: စိုင်းစိုင်းခမ်းလှိုင်



စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ဒီဇင်ဘာလ မှာ ဖျော်ဖြေရေးတွေ ဆက်တိုက် ဆိုနေတာ တွေ့ရပါတယ်. မကြာခင်ကလည်း ဘားအံမြို့မှာ ဖျော်ဖြေ ပွဲ သီဆိုခဲ့တာဖြစ်တဲ့အတွက် ပရိသတ် ၂ သောင်းကျော် ကြောင့် ပျော်ရွှင်ခဲ့ရတယ်လို့ ဆိုပါတယ်.

'' ခရစ်စမတ်ည ဘားအံမြို့ ချစ်သူမြိုင်ပန်းခြံ ဖျော်ဖြေပွဲ ပရိသတ်ဦးရေ ၂၀၀၀၀ ကျော် တက်ရောက်ခဲ့ပြီး မနက် ၁ နာရီခန့် အထိဖျော်ဖြေခဲ့ကြပါတယ် . အင်မတန်ပျော်စရာကောင်းတဲ့ ပွဲပါ'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၈ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်. အဲ့ဒီနောက် ဖျော်ဖြေပွဲညက အမှတ်တရ ပုံတွေကိုလည်း တင်ခဲ့တာကို တွေ့ရပါတယ်.

Photo: စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်က အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းမှာရော၊ ဂီတအပိုင်းမှာပါ အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားပေမယ့်လည်း ဝေဖန်တိုက်ခိုက်မှုတွေကိုအမြဲခံရတဲ့သူတစ်ယောက်ပါ။ ဒီ့အတွက်ကြောင့်လည်း ပရိသတ်တိုင်းရဲ့ ဆန္ဒနဲ့ ထပ်တူမကျနိုင်တဲ့အကြောင်းတွေကို အခုလိုရင်ဖွင့်ပြောပြလာပါတယ်။

'' ကျွန်တော်လည်း အများနည်းတူကိုယ့်ဘဝနဲ့ ဆန္ဒထပ်တူကျဖို့ ကြိုးစားနေတဲ့ကောင်ပါပဲ။ ဘဝဆိုတာ ကိုယ့်ဆန္ဒအတိုင်းတောင် ဖြစ်လာဖို့ မ လွယ်ကူတာ ခင်ဗျားတို့ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော့်ဘဝ ထပ်တူမကျတဲ့အခါမှာလည်း နားလည်ခွင့်လွှတ်စေချင်ပါတယ်'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်.

Photo: စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းရဲ့ Facebook Page မှာတော့ အားပေးသူ ပရိသတ်ပေါင်း ၈ သန်းကျော် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Instagram မှာတော့ အားပေး သူ ပရိသတ်ပေါင်း ၄ သိန်း ၇ သောင်းကျော် ရှိတာကို တွေ့ရပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ဟာ သူ့ရဲ့ ကိုယ်ပိုင် Instagram အကောင့်မှာလည်း အနုပညာလှုပ်ရှားမှုတွေအကြောင်းကို တင်လေ့ရှိပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်

မြန်မာနိုင်ငံ ဂီတလောကရဲ့ ထိပ်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ရဲ့ တရားဝင် Facebook Page ကတော့ ဇွန်လ ၁၆ ရက်နေ့ ညမှာပဲ Follower ၈ သန်းပြည့်သွားခဲ့တာဖြစ်ပါတယ်။ သူ့ကို အားပေးချစ်ခင်နေကြတဲ့ ပရိသတ်တွေအတွက် လည်း ဒီ့ထက်ပိုကြိုးစားသွားဦးမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က