ရွှံ့နွှံ့နဲ့ ကျောက်တုံးတွေကြောင့် ဟိုတယ်နံရံနဲ့အမိုး ပြိုကျသွားခဲ့ပါတယ်။

ပီရူးနိုင်ငံမှာ မင်္ဂလာပွဲဧည့်ခံပွဲပါတီ ကျင်းပနေတဲ့ ဟိုတယ်တစ်ခုအတွင်းသို့ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(Photo: AFP)

ပီရူး အရှေ့ေတောင်ပိုင်းရှိ ဟိုတယ်တစ်ခုမှာ စနေနေ့ (ဇန်နဝါရီ ၂၆ ရက်) ညပိုင်းက ကျင်းပခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲပါတီသို့ ဧည့်ပရိသတ် ၁၀၀ ခန့်ကို ဖိတ်ကြားထားခဲ့ကြောင်းနဲ့ မြေပြိုကျမှုကြောင့် ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။



တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၇ ရက်) မနက်အစောပိုင်းက Abancay မြို့ရဲ့ Andean ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုကျမှုအတွင်း ရွှံ့နွှံ့နဲ့ ကျောက်တုံးတွေကြောင့် ဟိုတယ်နံရံနဲ့အမိုး ပြိုကျသွားခဲ့ပါတယ်။

(Photo: Xinhua)

အဆိုပါ ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့စဉ်အတွင်း မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံမီဒီတွေက ဖော်ပြပါတယ်။ မြေပြိုမှုကြောင့် ပြိုကျသွားခဲ့တဲ့ ဟိုတယ်နံရံနဲ့ အနီးဆုံးနေရာမှာ လူ ၅၀ ခန့်ရှိနေခဲ့ကြောင်း National Civil Defence Institute (INDEIC) အကြီးအကဲ Jorge Chavez က မီဒီယာတွေကို ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာ တွေ့ရတဲ့ပုံတွေအရ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးများထဲမှာ ရှာဖွေနေကြပြီး သေဆုံးဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ သယ်ထုတ်နေတာ တွေ့ရတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: INDECI)

Abancay မြို့တော်ဝန် Guido Chahuaylla က အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ရန် မည်သည့် အားထုတ်မှုမျိုးကိုမဆို လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ မြေပြိုမှုကြောင့် ဟိုတယ်ပြိုကျပျက်စီးမှုအတွင်း ဒဏ်ရာရသူတွေကို ဒေသတွင်း ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

မြေပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Alhambra ဟိုတယ်ဟာ မတ်စောက်တဲ့ ဆင်ခြေလျှောတစ်ခုအနီးမှာ တည်ရှိနေပြီး ပြိုကျခဲ့တဲ့နံရံဟာ ရွှံ့နွှံ့နဲ့ ကျောက်တုံးတွေကနေ အကာအကွယ်အဖြစ် တည်ဆောက်ထားခြင်း ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ပြောထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က