အိန္ဒိယမှာ ရောင်းချသွားမှာပါ

     နာမည်ကျော် Sony IMX586 sensor ပါတဲ့ 48MP ကင်မရာ ၊ အဆင့်မြှင့်တင်လာတဲ့ processor သစ်သုံးလာတဲ့ Redmi Note 7 Pro ကတော့ ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။

         အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လိုက်တဲ့ Redmi Note 7 Pro ဟာ အရင် Redmi Note 7 ကိုမှ အဆင့်မြှင့်ထားတဲ့ ဗားရှင်းဖြစ်ပြီး processor ၊ ကင်မရာနဲ့storage ပိုင်းမှာ သိသာတဲ့ ပြောင်းလဲမှုတွေ ပါလာပါတယ်။ မျက်နှာပြင်အရွယ်အစားနဲ့သုံးထားတဲ့ ဒီဇိုင်းပိုင်းအရ Redmi Note 7 နဲ့Redmi Note 7 Pro တို့ဟာ ဘာမှ မပြောင်းလဲပါဘူး။ Pro ဗားရှင်းမှာလည်း 19.5:9 အချိုးနဲ့လာတဲ့ ၆.၃ လက်မ FullHD+ display နဲ့လာပြီး အရင် ရိုးရိုးမော်ဒယ်လိုပဲ ကင်မရာတစ်နေရာစာပဲ ကွက်ချန်ထားတဲ့ waterdrop notch သုံးထားပါတယ်။



Photo: xataka

         Redmi Note 7 Pro မှာ 2GHz octa-core Snapdragon 675 processor နဲ့Adreno 612 GPU ပါရှိပါတယ်။ ဒီ processor ကို Vivo V15 Pro မှာ ဈေးဦးပေါက် သုံးထားပြီး mid-range processor အနေနဲ့ထွက်လာတာပါ။ RAM/Storage ပိုင်းမှာ 4GB/64GB မော်ဒယ်နဲ့6GB/128GB မော်ဒယ်ဆိုပြီး အဆင့်မြှင့်တင်လိုက်လို့အရင် Redmi Note 7 မှာထက် ပိုများလာတာလို့ဆိုနိုင်ပါတယ်။

         နောက်ထပ် သိသာတဲ့ အပြောင်းအလဲက ကင်မရာစနစ်ပါ။ 48MP main camera ဟာ ဒီတစ်ခါမှာ Samsung ရဲ့ ISOCEL Bright GM1 sensor သုံး 48MP ကင်မရာမဟုတ်တော့ဘဲ Sony IMX586 sensor သုံး 48MP ကင်မရာ ဖြစ်လာပါတယ်။ IMX586 sensor သုံး 48MP ကင်မရာဟာ ရုပ်ထွက်မြင့် ကင်မရာစနစ်အပြင် အလင်းအားနည်းတဲ့ အချိန်နဲ့နေရာမျိုးမှာ အရည်အသွေးမြင့် ဓါတ်ပုံ ရိုက်ကူးရေးအတွက် အဓိက ထုတ်ထားတာပါ။


Photo: androidauthority

         ဒီကင်မရာနဲ့အတူ နောက်ထပ် 5MP ကင်မရာတစ်လုံး ကျောဘက်မှာ ပါရှိပြီး 4K video တွေကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ရှေ့မှာတော့ 13MP ကင်မရာ ပါရှိပြီး Face Unlockစနစ်သုံးနိုင်မှာပါ။ Pro မော်ဒယ်ဟာ 4000 mAh ဘက်ထရီနဲ့ပဲ လာပြီး အားသွင်းစနစ်ကတော့ မိနစ် ၄၀ အတွင်း အား ၅၀% ဝင်နိုင်တဲ့ Quick Charge 4.0 နည်းပညာနဲ့လာတာပါ။

         Redmi Note 7 Pro ရဲ့ အနိမ့်မော်ဒယ်ကို ၁၄၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းခန့်) နဲ့အမြင့်ဗားရှင်းကို ၁၆၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်း ခွဲခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က