ရီနေးဖရက်ဒ်မန်းဟာခေါင်းဆောင်မှုကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပါတယ်

လုပ်ငန်းတစ်ခုကိုလုပ်ကိုင်ဖို့ ပြင်းပြတဲ့စိတ်ဆန္ဒရှိတယ်၊ အဖွဲ့တစ်ဖွဲ့လည်းရှိတယ်၊ ထောက်ပံ့ပေးမယ့်သူတွေလည်းရှိတယ် ဆိုရင် အောင်မြင်ဖို့အတွက်လွယ်ကူနေပြီလို့ထင်ချင်စရာပါပဲ။ ဒါပေမဲ့တကယ့်လက်တွေ့မှာတော့အဲဒီလိုမဟုတ်ပါဘူး။ အသစ်စတင်မယ့်လုပ်ငန်းတစ်ခုအတွက်အရေးကြီးဆုံးအုတ်မြစ်တစ်ခုက အတွေးကောင်းပြီးထိရောက်တဲ့ခေါင်းဆောင်မှုရှိဖို့ ပါပဲ။ ကိုယ့်ရဲ့အဖွဲ့ကို ထုတ်လုပ်မှုအားကောင်းသလို မျှတမှုလည်းရှိတဲ့အစီအမံမျိုးနဲ့ဦးဆောင်ဖို့ဆိုတာ အစပိုင်းမှာခက်ခဲ ကောင်းခက်ခဲနိုင်ပါလိမ့်မယ်။ဒါပေမဲ့ ကိုယ့်ရဲ့ခေါင်းဆောင်မှုပုံစံကို ကိုယ်တိုင်နဲ့ကိုယ့်အဖွဲ့အတွက်အလုပ်ဖြစ်စေမယ့် နည်းလမ်းနဲ့ထက်မြက်နေအောင်ကြိုးစားနိုင်မယ်ဆိုရင် လုပ်ငန်းအောင်မြင်ကြီးပွားလာဖို့အတွက်ကောင်းကောင်းကြီး အထောက်အကူပြုမှာပါ။

ခေါင်းဆောင်မှုကျွမ်းကျင်ပညာရှင်လည်းဖြစ် TED fellows အတွက် ရှေ့ဆောင်လမ်းပြခြင်းနှင့်လမ်းညွှန်မှုအစီအစဉ်တစ်ခု ဖြစ်တဲ့ SupportTED ရဲ့တွဲဖက်တည်ထောင်သူနဲ့ တွဲဖက်ဒါရိုက်တာလည်းဖြစ်သူ ရီနေးဖရက်ဒ်မန်းဟာ လုပ်ငန်းသစ်တည် ထောင်သူတွေနဲ့ လူမှုအကျိုးပြုစွန့်ဦးတည်ထွင်သူတွေအများအပြားကို နည်းဗျူဟာမြောက်ဆုံးဖြတ်ချက်ချမှတ်ခြင်းနဲ့ တည်ထွင်ဖန်တီးမှုအားကောင်းတဲ့ အဖွဲ့နဲ့ပရောဂျက်တွေကိုခေါင်းဆောင်မှုအတွက် လိုအပ်တဲ့အရည်အချင်းတွေရှိလာ အောင်ကူညီလေ့ကျင့်ပေးနေသူပဲဖြစ်ပါတယ်။ ဒါ့အပြင်သူမဟာ Female Filmmaker Initiative of Sundance Institute ရဲ့လမ်းညွှန်မှုပရိုဂရမ်မှာ ဒါရိုက်တာအဖြစ်လည်းဆောင်ရွက်နေသူပါ။ ဖရက်ဒ်မန်းဟာ မတူကွဲပြားမှုတွေလုပ်ဆောင်သူတွေ ကိုလမ်းပြသင်ကြားရာမှာအထူးပြုကျွမ်းကျင်သူတစ်ဦးပါပဲ။ အခုဖရက်ဒ်မန်းရဲ့တန်ဖိုးကြီးမားလှတဲ့ ပိုကောင်းတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်စေမယ့် အကြံဉာဏ် ၅ ခုကိုဖော်ပြပေးချင်ပါတယ်။

၁။ ကိုယ့်ရဲ့စွမ်းအင်ကိုအမြဲပြည့်နေအောင်ဖြည့်ထားပါ။

အာရုံစိုက်ဖို့လိုတဲ့ လူတွေ၊ စီးပွားရေးလုပ်ငန်းဆောင်တာတွေကအမြဲတမ်းဆိုသလို အများကြီးရှိနေမှာပါ။ အဲဒီလို အာရုံစိုက်ဖို့လိုတဲ့အရာတွေကိုအချိန်စီမံခန့်ခွဲမှုကနေတဆင့် ဘယ်လောက်ထိကောင်းကောင်းကိုင်တွယ်နိုင်တယ်၊ အာရုံစူးစိုက်နိုင်တယ်ဆိုတာက သင့်ရဲ့စွမ်းအင်ပြည့်ဝမှုအခြေအနေနဲ့ဆက်စပ်မှုရှိနေပါတယ်။ မနက်ပိုင်းမှာလန်းလန်း ဆန်းဆန်းနဲ့ကြံ့ခိုင်မှုရှိနေအောင် စွမ်းအင်ကိုဖြည့်တင်ထားပြီး တစ်နေ့တာကိုကျော်ဖြတ်ကာ ညဘက်မှာအိပ်ရေးဝအောင် အိပ်ပါ။ ဒီလိုစွမ်းအင်ပြည့်ဝနေဖို့အတွက်လုပ်ရမှာတွေထဲမှာ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ စာဖတ်တာ၊ အပြင်ထွက်တာ၊ ကောင်းကောင်းစားပြီး ရေဓါတ်ပြည့်ဝအောင်ဂရုစိုက်တာ၊ တရားထိုင်တာနဲ့ အလုပ်တွေကနေခေတ္တနားပြီးပျော်ရွှင်ရယ်မော ရမယ့်အရာတစ်ခုခုကိုခံစားတာတို့ပါဝင်ပါတယ်။

၂။ ခေါင်းဆောင်တစ်ယောက်လိုတွေးပါ။

လူတစ်ဦးတစ်ယောက်ချင်းအနေနဲ့ လူတိုင်းဟာစီမံခန့်ခွဲမှုနဲ့ရင်းနှီးကျွမ်းဝင်မှုရှိပြီးသားပါ။လူတိုင်းဟာကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကိုစီမံခန့်ခွဲနေရပြီးတစ်ခါတစ်ရံမှာဆိုရင်တခြားသူတွေကိုတောင်စီမံရပါသေးတယ်။ ခေါင်း ဆောင်တစ်ယောက်အနေနဲ့ဆိုရင်တော့ လက်တွေ့မြေပြင်လုပ်ငန်းဆောင်တာတွေလည်ပတ်အဆင်ပြေရုံလောက်တွေးရုံနဲ့ မလုံလောက်တော့ပါဘူး။ အထူးသဖြင့် CEO အဆင့်လောက်ဆိုရင် ကိုယ့်ရဲ့အဖွဲ့အစည်း ရည်မှန်းချက်အတိုင်းအောင်မြင်ဖို့ ပိုပြီးမဟာဗျူဟာကျကျပြည့်ပြည့်စုံစုံစဉ်းစားဖို့လိုအပ်မှာဖြစ်ပါတယ်။ မဟာဗျူဟာတွေချမှတ်ပြီး ထိရောက်မှုအများဆုံးနဲ့ ပိုကောင်းတဲ့ရလဒ်တွေထွက်ပေါ်မယ့်လုပ်ဆောင်ချက်တွေကို ဖန်တီးဆောင်ရွက်နိုင်ဖို့လိုပါတယ်။

၃။ ပွင့်လင်းမြင်သာမှုရှိပြီး ရင်းနှီးနွေးထွေးမှုရှိပါ

တခြားသူတွေကိုဦးဆောင်ဖို့ဆိုရင် သူတို့တွေကသင် ဘာအတွက်လုပ်နေတယ်ဆိုတာနဲ့ ဘာတွေတွေးနေတယ်ဆိုတာကို သိနေမှဖြစ်မှာပါ။ သင့်ရဲ့အတွေးတွေနဲ့သတင်းအချက်အလက်တွေကိုမျှဝေပါ။ အပြန်အလှန်စကားပြောပါ။သင်က ဘယ်အရာတွေကို၊ဘာကြောင့်အဓိကအလေးထားတယ်ဆိုတာကို တခြားသူတွေကိုနားလည်အောင်ရှင်းရှင်းလင်းလင်း ပြောပြဖို့လိုပါတယ်။သင်ကတခြားသူတွေနဲ့ထိတွေ့ဆက်ဆံဖို့၊ သူတို့ရဲ့မေးခွန်းတွေကိုဖြေဖို့၊ သင့်ရဲ့ရည်မှန်းချက်နဲ့ မဟာဗျူဟာတွေကိုမျှဝေဖို့ ဆန္ဒပြင်းပြလေလေ၊ သင်နဲ့အလုပ်တွဲလုပ်ချင်တဲ့အဖွဲ့ဝင်တွေများလာလေလေပါပဲ။

၄။ စိတ်ဝင်စားပါ

သင့်ရဲ့အဖွဲ့အစည်းထဲမှာဘာတွေဖြစ်နေသလဲဆိုတာ သိရှိနားလည်ဖို့အထိရောက်ဆုံးနည်းလမ်းက သင့်အဖွဲ့ထဲမှာ ပါဝင်တဲ့လူတွေကို လေ့လာသုံးသပ်ခြင်းနဲ့သူတို့ပြောတာတွေကိုနားထောင်ခြင်းပါပဲ။ သင်ကခေါင်းဆောင်ဆိုတဲ့နေရာကို ရောက်နေတဲ့အခါ သင်ပြောတာတွေကိုနားထောင်မယ့်သူတွေရှိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့သင့်အဖွဲ့အစည်းထဲမှာ ပါဝင်တဲ့သူတွေကတော့ သူတို့ရဲ့ကျွမ်းကျင်မှု၊အရည်အချင်း ဒါမှမဟုတ် သူတို့မှာရှိတဲ့အသိပညာတွေကြောင့် ငှားရမ်းခံထားရသူတွေဖြစ်ပါတယ်။သူတို့ရဲ့ အိုင်ဒီယာတွေ၊အမြင်တွေကိုသေသေချာချာစိတ်ဝင်စားမှုရှိခြင်းအားဖြင့် သင့်ဝန်ထမ်းတွေရဲ့စိတ်ကျေနပ်မှု၊ အရင်းအမြစ်ချဲ့ထွင်မှုနဲ့ ပိုပြီးအရေးတကြီးအနေနဲ့ အဖွဲ့အစည်းကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်မှုတို့ကိုရရှိဖို့ လမ်းဖွင့်ထားပြီးသားဖြစ်သွားမှာ ဖြစ်ပါတယ်။

၅။ ပင်ကိုယ်စရိုက်လက္ခဏာကောင်းမွန်ဖို့ ဦးစားပေးဆောင်ရွက်ပါ

လူတွေကိုဦးဆောင်ဖို့ဆိုရင် လူတွေရဲ့ယုံကြည်မှုကိုရဖို့လိုပါတယ်။ ယုံကြည်မှုဆိုတာ ပင်ကိုယ်စရိုက်နဲ့ ကျွမ်းကျင်မှုတို့ အပေါ်မှာအခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ ကျွမ်းကျင်မှုရှိဖို့သင်ယူလေ့ကျင့်နိုင်ပေမယ့် ယေဘူယျအားဖြင့် ပင်ကိုယ်စရိုက်ကောင်းမွန်ဖို့ကတော့ လေ့လာသင်ယူလို့မရဘဲ ကိုယ်တိုင်တည်ဆောက်ယူရမှာပါ။ ကောင်းမွန်တဲ့ ပင်ကိုယ်စရိုက်လက္ခဏာမရှိဘူးဆိုရင် တစ်ခုခုမှာဘယ်လောက်ပဲတော်နေပါစေ နောက်လိုက်တွေရဲ့ယုံကြည်မှုကို ရရှိမှာ မဟုတ်ပါဘူး။

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.theventure.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင် ပါတယ်။

Share

Loading Next Article...
က္က