ICT Challenge ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်တွေမှာ ပြည်တွင်း Dota 2 အသင်းတွေရဲ့ ယှဉ်ပြိုင်မှုက အားရစရာကောင်းနေပါတယ်။

  ICT Challenge Yangon ဆိုတာ Dota2 ပြိုင်ပွဲနဲ့ ကွန်ပြူတာနှင့်ဆက်စပ် အီလက်ထရွန်းနစ်ကုန်စည်ပြပွဲကို ပူးတွဲပြီးကျင်းပထားတဲ့ ပွဲပဲဖြစ်ပါတယ်။


ဒီပြိုင်ပွဲရဲ့ ထူးခြားချက်ကတော့ Team vs Team ပြိုင်ပွဲအပြင် 1 vs 1 Mid Lane ပြိုင်ပွဲကိုပါ ထည့်သွင်းပေးထားခြင်းပဲဖြစ်ပါတယ်။ Qualifier အဆင့်မှာ Team vs Team အတွက် အသင်းပေါင်း ၂၅၆ သင်း နဲ့ 1 vs 1 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ၂၅၆ ဦးတို့သာ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး နောက်ဆုံးရှင်ကျန်ရစ်တဲ့ အသင်း ၄ သင်းနဲ့ 1 vs 1 ပြိုင်ပွဲမှ ယှဉ်ပြိုင်သူ ၁၆ ဦးတို့သာ Main Event ကိုတက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။



Qualifier ပြိုင်ပွဲတွေကို စက်တင်ဘာလ ၂ ရက်နဲ့ ၃ ရက်နေ့တို့မှာ ကျင်းပခဲ့ပြီးပြီဖြစ်ပြီး Main Event ကိုတက်ရောက်နိုင်မယ့် အသင်းတွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။ အဲဒီအသင်းတွေကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိကြီးလေးကြီးလို့ ပြောနိုင်တဲ့ Team Cyanide (ex-Reckoning Esports), Yangon Galacticos, Outworld နဲ့ KingPanda Gaming တို့ပဲဖြစ်ပါတယ်။


         ဒီပြိုင်ပွဲကြီးမှာ စုစုပေါင်းစုကြေးငွေ ကျပ်သိန်း ၃၀ ကိုချီးမြှင့်သွားမှာဖြစ်ပြီး Team vs Team မှာ ချန်ပီယံဖြစ်သူက ဆုကြေးငွေ ၁၅ သိန်းကျပ်၊ 1st Runner Up ၇ သိန်းကျပ်၊ 2nd Runner Up ၃ သိန်းကျပ်နဲ့ 3rd Runner Up ၁ သိန်းကျပ်ဆိုပြီး အသီးသီးချီးမြှင့်သွားမှာဖြစ်သလို 1 vs 1 Mid Lane ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်သူကို 5BB ဖိုက်ဘာအင်တာနက် 15mbps ကို ၁ နှစ်တာခံစားခွင့်နဲ့ 1st Runner Up ကို ဆုငွေ ၁ သိန်းကျပ် ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။

 

         Main Event ကို တပ်မတော်ခန်းမမှာ စက်တင်ဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ သိုက်သိုက်ဝန်းဝန်းကျင်းပမှာပဲဖြစ်ပါတယ်။ ၆ ရက်နေ့ ဆော့ကစားခဲ့တဲ့ပွဲစဉ်တွေအရ Outworld အသင်းဟာ KingPanda Gaming ကို 2-0 ဖြင့်အနိုင်ရရှိကာ Grand Final ကို တက်ရောက်သွားပြီဖြစ်သလို တစ်ဖက်က Yangon Galacticos အသင်းဟာလည်း Team Cyanide ကို 2-1 ရလဒ်နဲ့အနိုင်ရရှိကာ Grand Final အဆင့်ကို ရောက်ရှိသွားပြီပဲဖြစ်ပါတယ်။ Outworld vs Yangon Galacticos တို့ယှဉ်ပြိုင်ရမယ့် Grand Final ပွဲကိုတော့ ပြိုင်ပွဲကျင်းပရာ နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေ့နေ့မှာ ယှဉ်ပြိုင်ဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

         ဒုတိယနေ့ဖြစ်တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာတော့ 1 vs 1 ပြိုင်ပွဲမှ နောက်ဆုံးကျန်ရစ်တဲ့ ကစားသမား ၈ ဦးတို့ ယှဉ်ပြိုင်ဆော့ကစားကြမယ့်အပြင် Team Cyanide နဲ့ KingPanda Gaming တို့ရဲ့ တတိယလုပွဲလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ အဆိုပါ တတိယလုပွဲကို နေ့လယ် ၂ နာရီမှာ ကျင်းပမှာဖြစ်ပြီး BO3 ပွဲစဉ်ဖြစ်ပါတယ်။

ကိုယ်တိုင်ကိုယ်ကျ အားပေးလိုသူများအနေနဲ့ တပ်မတော်ခန်းမကို ဝင်ကြေးအခမဲ့နဲ့ သွားရောက်အားပေးနိုင်မှာဖြစ်ပြီး တတိယလုပွဲမစခင်မှာလည်း ယှဉ်ပြိုင်မယ့် ၂ သင်းစလုံးက ကစားသမားတွေရဲ့ Signing Session လည်းရှိဦးမှာဖြစ်တာကြောင့် ကစားသမားတွေရဲ့ လက်မှတ်လိုချင်တဲ့ ပရိသတ်အစစ်အမှန်ဆိုရင်တော့ မသွားမဖြစ်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံက Dota2 ကစားသမားတွေရဲ့ အချစ်တော်တစ်ဦးဖြစ်တဲ့ Ko Boo Yahooyeeha ကို အထူးဧည့်သည်တော်အနေနဲ့ ဖိတ်ကြားထားပြီး ပွဲကို လာရောက်ကြည့်ရှုသူတွေကိုလည်း ကံစမ်းမဲများဖောက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က