လောကကြီးက ပြောလို့မရဘူးလေ။

ရင်နဲ့အမျှ ချစ်ခဲ့ရတဲ့ ဒီကလေးအတွက် အချိန်တန်ပြီလို့ ယူဆတယ်လို့ စင်ရော်မောင်မောင်က ဆိုပါတယ်။

 

Photo : စင်ရော်မောင်မောင်

ဝါရင့်ဒါရိုက်တာကြီး စင်ရော်မောင်မောင်ကတော့ သူ့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင် ကို သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံး လွှဲပြောင်းပေးတော့မယ်လို့ ဆိုပါတယ်။ သားဖြစ်သူပညာရေးအတွက် အကြွေးတင်ခံ ပြီး ပြုစုပျိုးထောင်ခဲ့သလို ဒါရိုက်တာ ဖြစ်အောင် ပံ့ပိုးပေးခဲ့တဲ့ စင်ရော်မောင်မောင်က ဒီအချိန်က သားကို အမွေတွေအားလုံး လွှဲပေးဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။

"ငါးနှစ်လောက်ရှိပြီအိမ်ထောင်ကွဲပြီးကတည်းက တစ်ယောက်တည်းနေခဲ့တာ။ နောက်ထပ်အိမ်ထောင်ပြုဖို့ကို စဉ်းစားတိုင်း စဉ်းစားတိုင်း သားလေးအတွက်အမြဲတမ်း တွေးတယ် ။ကလေးကို ပြုစုပျိုးထောင်ပေးတ ယ်။နိုင်ငံခြားမှာ ကျောင်းထားတယ်။ ဒါရိုက်တာ ဖြစ်အောင်လုပ်တယ်ရှိသမျှ မြေကွက်တွေ ရောင်းပြီး ပညာရေးအတွက် ထားတယ်။ အကြွေးတွေ ဘာတွေတောင် တင်တယ်။အခုတော့ အားလုံးဆပ်လို့ ပြီးသလောက်ရှိပြီ။ ဒီလောက် ရင်နဲ့အမျှ ချစ်ခဲ့ရတဲ့ ဒီကလေးက အချိန်တန်ပြီလို့ ထင်တယ်" လို့ သူက ဆိုပါတယ်။

Photo : စင်ရော်မောင်မောင်

သားဖြစ်သူရဲ့ အနုပညာအရည်အသွေးတွေကလည်း သူ့ထက်သာလွန်ကောင်းမွန်တယ်လို့ ချီးကျူးထားပါသေးတယ်။

"တိမ်တွေပေါ်ကပန်းရယ် စိုင်းစိုင်း ခမ်းလှိုင် ကြော်ငြာတွေမှာ သူ့ရဲ့ ရိုက်ချက် ။ editing အကုန်လုံးပေါ့ ကြည့်လိုက်တော့ ကိုယ့်ထက် အတွေ့အကြုံကလွဲလို့ အစစအရာရာခေတ်မှီတယ် ။တိုးတတ်တယ်သာလွန်တယ်လိုု့ ယူဆတယ်။ အဲဒါကြောင့် အလွန်ဆုံး ၂နှစ် အမြန်ဆုံး၁နှစ်အတွင်းမှာ လွဲမယ်လို့ စိတ်ကူးထားတယ်။ သူကတော့ အဖေစောသေးတယ်သား နာမည်နဲ့မလုပ်ပါနဲ့ပြော တယ် လောကကြီးက ပြောလို့မရဘူးလေ။ဆိုတော့ သူ့လက်ထဲကို စိတ်ချလက်ချ ထားခဲ့ဖို့လိုတယ်။ နောက်ဒီဟာတွေကို မပျောက်ပျက်အောင် လုပ်ထားတာတွေ ရှိပါတယ် " လို့ ပြောပါတယ်။

Photo : စင်ရော်မောင်မောင်

မင်းသန့်မောင်မောင်ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံကို အပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ကိုတော့ မိခင်ဖြစ်သူ သရုပ်ဆောင် မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေ ကနေတဆင့် ပရိသတ်တွေ အားပေးချစ်ခင်လာခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် ဖခင်စင်ရော်မောင်မောင်နဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ တွဲဖက်ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူးလို့ နေပါပြီ။

Share

Loading Next Article...
က္က