ဝန်ထမ်းတွေကို ခွင့်ပေးမယ့် အစီအစဉ် ပေါက်ကြားခဲ့တာပါ။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေအချင်းချင်းကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးမှ ဒီသတင်းထွက်ပေါ်ခဲ့လို့လည်း လီဗာပူးလ်က ပြိုင်ဘက်အသင်းတစ်သင်းက သတင်းဖြန့်ခဲ့တာလို့ ယုံကြည်နေတာဖြစ်ပါတယ်။ 


အသင်းဝန်ထမ်းတွေကို ယာယီခွင့်သတ်မှတ်ပြီး အစိုးရထောက်ပံ့ကြေး ၈၀% ရယူကာ လစာငွေပေးချေမယ့် အစီအစဉ်ဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေကြောင့် ပေါက်ကြားခဲ့တာဖြစ်မယ်လို့ လီဗာပူးလ်အသင်းက ယုံကြည်နေပါတယ်။ လီဗာပူးလ်အနေနဲ့ အဆိုပါဆုံးဖြတ်ချက်ကြောင့် ပြစ်တင်ဝေဖန်မှုတွေခံခဲ့ရပြီး တောင်းပန်စကားတွေ ဆိုခဲ့ရတာဖြစ်ပါတယ်။ 

အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးအများအပြားကို အသုံးချကာ လစာငွေပေးချေဖို့ လုပ်ဆောင်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ လုပ်ရပ်ကို အသင်းကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေက ရှက်စရာလုပ်ရပ်တစ်ခုဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါကြောင့် မနေ့ကပဲ အဆိုပါအစီအစဉ်ကို မလုပ်ဆောင်တော့ဘူးလို့ လီဗာပူးလ်က တရားဝင်ဖြေရှင်းခဲ့ကာ တောင်းပန်စကားပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဒီသတင်းပေါက်ကြားခဲ့ရတာဟာ ပြိုင်ဘက်အသင်းတစ်သင်းသင်းရဲ့ လုပ်ရပ်ဖြစ်မယ်လို့ လီဗာပူးလ်အသင်းက ယူဆနေကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအချင်းချင်းကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးမှ ဒီသတင်းထွက်ပေါ်ခဲ့လို့လည်း လီဗာပူးလ်က ပြိုင်ဘက်အသင်းတစ်သင်းက သတင်းဖြန့်ခဲ့တာလို့ ယုံကြည်နေတာဖြစ်ပါတယ်။ 

ဒီဆွေးနွေးပွဲက အချက်အလက်တွေဟာ လျှို့ဝှက်ထားရမယ့်အကြောင်းအရာတွေဖြစ်တယ်လို့ လီဗာပူးလ်အသင်းက နားလည်ထားကြောင်းနဲ့ အခုလိုသတင်းထွက်ပေါ်ခဲ့မှုအပေါ် အသင်းတာဝန်ရှိသူတွေကလည်း ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်မှာတော့ အစိုးရထောက်ပံ့ကြေးရယူမယ့် အသင်းတွေအဖြစ် လီဗာပူးလ်အပါအဝင် အသင်းပေါင်း ၅ သင်းအထိရှိခဲ့ပါတယ်။

လက်ရှိမှာ လီဗာပူးလ်က အဆိုပါအစီအစဉ်ကို ပယ်ဖျက်ခဲ့တာကြောင့် လေးသင်းသာ ကျန်ရှိတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းအဖြစ် အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး လတ်တလောမှာ အောင်မြင်မှုတွေလည်း ရရှိနေခဲ့တဲ့ အသင်းတစ်သင်းအနေနဲ့ ဝန်ထမ်းတွေအပေါ်မှာ အခုလိုပြုမူခဲ့တဲ့ လုပ်ရပ်က ရှက်ရွံ့စရာလုပ်ရပ်လို့ နာမည်ကျော်အစီအစဉ်တင်ဆက်သူ ပီရစ်(စ်)မော်ဂန်က ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က