သူ့အတွက် အမုန်းဆုံးအရာတစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။

အုပ်စိုးခန့်ဟာ သူ့ရဲ့ မျက်နှာပေါ်မှာ နှုတ်ခမ်းထူနေတာကို တော်တော် သဘောမကျဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Amazing Grace



အုပ်စိုးခန့်ကတော့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမုန်းဆုံးအရာက နှုတ်ခမ်းပါလို့ ဆိုပါတယ်။ ဒီနှုတ်ခမ်းကြောင့်ပဲ ဝေဖန်မှုတွေ ကြုံခဲ့ရတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ကျွန်တော် အရင်တုန်းကဆိုရင် နှုတ်ခမ်းထူတာကို အရမ်းမုန်းတာ။ မိသားစုတွေဆိုရင် ကျွန်တော့် နှုတ်ခမ်းလောက် မကြီးဘူးလေ။ ကျွန်တော်တစ်ယောက်တည်းပဲ ထင်းပြီး ကြီးနေတာပေါ့လေ။ အနုပညာလောကထဲ စဝင်တုန်းကလည်း ဒီနှုတ်ခမ်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ကြုံခဲ့ရတယ်။ ငယ်ငယ်တုန်းကဆို ပိုက်ဆံရှိရင် ဒီနှုတ်ခမ်းကို သွား ပါးပြစ်မယ်တောင် ပြောခဲ့ဖူးတယ်” လို့သူက ဆိုပါတယ်။ 

Photo: Oak Soe Khant

အုပ်စိုးခန့်ဟာ အခုလက်ရှိမှာတော့ သူအရမ်းမုန်းခဲ့တဲ့ နှုတ်ခမ်းဟာ သူ့အတွက် အားသာချက်တစ်ခု ဖြစ်လာတယ်လို့လည်း သူက ဆိုပါတယ်။ 

“ အခုဆိုရင် အမေက ကျွန်တော့်ကို နင်ပိုက်ဆံရှိတယ်လေ နှုတ်ခမ်း သွားပါးလိုက်ပါလား လာပြောတယ်။ တော်ပြီ မလုပ်တော့ဘူးပေါ့။ အခုဆိုရင် ဒီနှုတ်ခမ်းထူတာကို သဘောကျလာပါပြီ။ ဒီလိုပဲ အမေ မွေးကတည်းက အရှိကို အရှိအတိုင်း လက်ခံနိုင်ရမှာပေါ့လေ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Oak Soe Khant

အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်ပိုင်သီချင်းများစွာလည်း သီဆိုခဲ့ဖူးသူပါ။ ပရိသတ်တွေ ပိုပြီးသတိထားမိစေခဲ့တာကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ရိုက်ကူးထားတဲ့ ‘’တန်ခူးမေ’’ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ချစ်နေပြီ’’ ဆိုတဲ့ Album လေးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က