Sai Sai Birthday Show က ရရှိခဲ့တဲ့ အလှူငွေတွေထဲက လှူခဲ့တာပါ။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ Sai Sai Birthday Show က ရခဲ့တဲ့ အလှူငွေတွေထဲက ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးအတွက် ငွေကျပ်သိန်း(၃၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

Photo: Sai Sai



ပရိသတ်အချစ်ကို ခိုင်ခိုင်မာမာရရှိထားတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ Birthday Show က ရတဲ့ အလှူငွေတွေထဲက ငွေကျပ် သိန်း ၃၀၀ ကို ပြည့်သူကျန်းမာရေးနဲ့ ကုသရေးအတွက် လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။ 

"BIRTHDAY SHOW ကနေတဆင့် လှူဒါန်းတဲ့ အလှူငွေတွေထဲက ငွေကျပ်သိန်း ၃၀၀ ကို ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးကို လှူဒါန်းပါတယ်။ COVID ကော်မတီကို သိန်း ၃၀၀ နဲ့ ပြည်သူ့ကျန်းမာရေးကို သိန်း ၃၀၀ လှူဒါန်းပြီးပါပြီ။ ကျန်ငွေ 20,279,860 နဲ့ USD3000 ကို ကျွန်တော် လှူမယ့်ငွေနဲ့ ထပ်ပေါင်းပြီး နောက်တစ်နေရာမှာထပ်လှူပါမယ်။အလှူအတွက်ကူညီပေးတဲ့ ရန်ကုန် ပြည်သူ့ကျန်းမာရေး ဒုညွှန်ချုပ် ဒေါက်တာထွန်းမြင့် နဲ့ ဒေါက်တာ ဥဂ္ဂါဖြိုး တို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။ Birthday Show မှာ ပါဝင်ကြသူများအားလုံးလည်း လုပ်အားအလှူ အနုပညာအလှူပါဝင်ထားကြတာပါ။ အလှူရှင်များ သာဓုခေါ်နိုင်ပါရန် ဆက်လက်မျှဝေပေးပါခင်ဗျား" ဆိုပြီးတော့ ဧပြီလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာ ဧပြီလ ၁၃ ရက်နေ့တုန်းကလည်း COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အတွက် ငွေကျပ် သိန်း(၃၀၀) ကို သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ စိုင်းစိုင်းကတော့ သူ့ရဲ့ မွေးနေ့ပွဲကနေ ပရိသတ်တွေ၊မိတ်ဆွေတွေအားလုံးအလှူငွေ ဝိုင်းဝန်းထည့်ခဲ့ကြတာကြောင့် အခုချိန်ထိ အလှူငွေ သိန်း(၈၀၀) ကျော်နှင့် USD 3000 ရရှိနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်ငွေများကိုလည်း လိုအပ်တဲ့ နေရာတွေမှာ ထည့်သွင်းလှူဒါန်းသွားမယ်လို့ သိရပါတယ်။ 

Photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ Birthday Show ကို ၂၀၀၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာြ ဖစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေကြဖြစ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးလျှက်ရှိပါတယ်။သူဟာ ၁၈ နှစ်အရွယ်က တည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂီတမှာသာမက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က