ကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း ဟယ်ရီရက်နက်က ယမန်နေ့က စပါးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲဲ့ရတဲ့ ပိုချက်တီနိုအနေနဲ့ ဘာကြောင့် အာဆင်နယ်နည်းပြ ဖြစ်မလာနိုင်စရာအကြောင်းဘာမှမရှိဘူးလို့ ပြောကြားခဲ့ကြောင်း talkSPORT ရဲ့ဖော်ပြချက်အရ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးပရိသတ်တွေဟာ အင်္ဂနေ့ညမှာ အသင်းက နည်းပြပိုချက်တီနိုကို ထုတ်ပယ်ခဲ့တဲ့အတွက် အံ့အားသင့်မင်သက်ခဲ့ကြပြီး မြောက်လန်ဒန်မှာ ၂၄ နာရီလောက် မုန်တိုင်းထန်နေခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးအသင်းက ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်းမှာ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်လိုက်ပြီဖြစ်ကြောင်းကို လျင်လျင်မြန်မြန်ပဲ ကြေညာသွားခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ အသင်းလက်မဲ့ဖြစ်သွားမှုက ရလဒ်ဆိုးတွေကြောင့်် ဖိအားတွေဝင်နေတဲ့ အာဆင်နယ်နည်းပြ အမ်မရီအတွက် နောက်ထပ် ဖိအားတစ်ခုဖြစ်လာစေခဲ့တယ်လို့ သိရပါတယ်။

ပိုချက်တီနိုဟာ မန်ချက်စတာယူနိုက်တက်၊ ရီးရဲမက်ဒရစ််၊ ပီအက်စ်ဂျီတို့အားလုံးရဲ့ ကာလရှည်စိတ်ဝင်စားမှု ခံခဲ့ရသူဖြစ်ပြီး နည်းပြကိုဗတ်ကို ထုတ်ပယ်ပြီးနောက် အမြဲတမ်းနည်းပြသစ် ရှာဖွေနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက်လည်း အချက်ပေးသံမြည်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း ဟယ်ရီရက်နက်က ပိုချက်တီနိုဟာ တော့တင်ဟမ်ဟော့စပါးရဲ့အဓိကပြိုင်ဘက်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြသစ်အဖြစ် အစာထိုးခန့်အပ်ဖို့ သင့်တော်တဲ့သူဖြစ်လာလိမ့်မယ်လို့ အံံ့အားသင့်ဖွယ်ပြောကြားခဲ့တာဖြစ်ပါတယ်။

“တော့တင်ဟမ်ကနေ ပိုချက်တီနို ထွက်ခွာတဲ့ကိစ္စနဲ့အတူ ဒီနေ့မနက်မှာ အိပ်ရာနိုးနိုးချင်း ‘ဟာ သွားပြီ။ သိပ်တော့အခြေအနေမကောင်းတော့ဘူး’ဆိုပြီး တွေးမိတဲ့ ပရီးမီးယားလိဂ်နည်းပြ ၁ ဦး ဒါမှမဟုတ် ၂ ဦးလောက်အထိ ရှိနေမှာပါ”

“ပြီးတော့ ဒီမနက်မှာ ပိုချက်တီနိုကိုသာ ခေါ်ယူနိုင်မယ့် နည်းလမ်းများရှိမလားဆိုပြီး စိတ်လှုပ်ရှားနေတဲ့ ဥက္ကဌ ၁ ဦး ဒါမှမဟုတ် ၂ ဦးလည်းရှိမှာပါ။ သူက အရမ်းကောင်းမွန်တဲ့ခေါ်ယူမှုဖြစ်လာမှာပါ”

“လန်ဒန်မှာ ဆိုးရွားတဲ့အချိန်တွေကို ရင်ဆိုင်နေရတဲ့အသင်းရှိပါတယ်။ သူသာ အာဆင်နယ်ကို သွားချင်တယ်ဆိုရင် ဘာကြောင့် သူ မသွားနိုင်ရမှာလဲ။ အာဆင်နယ်ပရိသတ်တွေက သူ အဲဒီမှာ နည်းပြမယ်ဆိုရင် နှစ်သက်မှာမဟုတ်ဘူးလို့ ခင်ဗျား ထင်လား”လို့ Alan Brazil Sports Breakfast ကို ပြောကြားခဲ့ပါတယ်။

Share

က္က