စပါးကစားသမားတွေထဲမှာ ပထမဆုံး ကျေးဇူးတင်စကားပြောဆိုခဲ့တာပါ။

 ပိုချက်တီနိုကို ပထမဦးဆုံးကျေးဇူးတင်စကားဆိုခဲ့တဲ့ စပါးကစားသမားလည်းဖြစ်ခဲ့ပြီး အလီက သူ့ရဲ့ လူမှုကွန်ရက်ပေါ်ကနေ ထုတ်ဖော်ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။


နည်းပြပိုချက်တီနိုကို စပါးအသင်းက ထုတ်ပယ်ခဲ့ပြီးနောက်မှာ စပါးကွင်းလယ်လူဒယ်လီအလီက နည်းပြဟောင်းကို ကျေးဇူးတင်စကားပြောဆိုလိုက်ပါတယ်။ ဒါဟာ ပိုချက်တီနိုကို ပထမဦးဆုံးကျေးဇူးတင်စကားဆိုခဲ့တဲ့ စပါးကစားသမားလည်းဖြစ်ခဲ့ပြီး အလီက သူ့ရဲ့ လူမှုကွန်ရက်ပေါ်ကနေ ထုတ်ဖော်ပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။

အလီကတော့ ပိုချက်တီနိုလက်အောက်မှာ ခြေစွမ်းပြထင်ပေါ်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ စပါးအတွက် စတင်ကစားခွင့်ရရှိခဲ့ပြီး အလီကလည်း အဓိကကစားသမားတစ်ဦးဖြစ်လာတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အလီကို ပိုချက်တီနိုက အရောင်တင်ပေးနိုင်ခဲ့တာဖြစ်ပြီး ကစားသမားအနေနဲ့လည်း အင်္ဂလန်လက်ရွေးစင်ကစားသမားအထိ ဖြစ်လာခဲ့ပါတယ်။

"သူ့ကို ကျေးဇူးတင်စကားဆိုရုံနဲ့ မလုံလောက်ပါဘူး၊ သူက ကျွန်တော့်ကို အများကြီးသင်ကြားပေးခဲ့သူဖြစ်ပြီး ကျွန်တော့်အတွက် သူ လုပ်ပေးခဲ့တဲ့ အရာအားလုံးအတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်၊ ကံကောင်းပါစေ၊ သူငယ်ချင်းတွေအဖြစ်နဲ့ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်" လို့ ဒယ်လီအလီက ရေးသားပြောဆိုခဲ့ပါတယ်။

ပိုချက်တီနိုကတော့ သူ့လက်ထက်မှာ ဟယ်ရီကိန်း၊ ဟယ်ရီဝင့်ခ်၊ အဲရစ်ဒီယာ နဲ့ အလီတို့လို အင်္ဂလန်ကစားသမားတွေကို မြေတောင်မြှောက်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အလီကတော့ အမ်ကေဒွန်းအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စပါးအတွက် ၁၃၅ ပွဲကစားပေးအပြီးမှာ ၄၄ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

Share

က္က