ပြီးခဲ့တဲ့ရာသီက ပိုချက်တီနိုလက်အောက်မှာ စပါးအသင်းက ပြီးပြည့်စုံခဲ့တယ်လို့ ပြောခဲ့တာပါ။

အာဆင်နယ််နည်းပြ အူနိုင်းအမ်မရီဟာ တော့တင်ဟမ်ဟော့စပါးအသင်းက နည်းပြ ပိုချက်တီနိုနဲ့ လမ်းခွဲပြီး မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာကို အံ့အားသင့်မိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၂၀၁၉-၂၀၂၀ ရာသီမှာ သက်တောင့်သက်သာမရှိတဲ့ ရာသီအစကို ရင်ဆိုင်နေရပေမယ့် ပြီးခဲ့တဲ့ရာသီက နည်းပြပိုချက်တီနိုလက်အောက်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်းဥက္ကဌ ဒန်နီရယ်လီဗိုင်းက ပြီးခဲ့တဲ့အင်္ဂါနေ့ညနေမှာ နည်းပြပိုချက်တီနိုကို ထုတ်ပယ်ဖို့ ရွေးချယ်ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုကို နည်းပြအဖြစ် အတည်ပြုခန့်အပ်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြအပြောင်းအလဲနဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက တုံ့ပြန်ပြောကြားခဲ့ပြီး ပိုချက်တီနို စပါးမှာ အလုပ်လုပ်နေတာတွေကလည်း အံ့အားသင့်စရာတွေဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

“ဘာကြောင့်လဲနဲ့ သူတို့ရဲ့စွမ်းဆောင်ရည်ကို ဘယ်လိုပြောင်းလဲမလဲဆိုတာကို ကျွန်တော် အတိအကျမသိပါဘူး”

“ဟိုဆေးက အရမ်းတော်တဲ့ နည်းပြပါ။ သူ့ရဲ့နည်းပြဘဝက ဆုဖလားတွေ၊ အတွေ့အကြုံတွေနဲ့ ခိုင်မာပြီး ပိုချက်တီနိုကလည်း တော့တင်ဟမ်မှာ လုပ်နေတာတွေက အံ့အားသင့်စရာလို့ ကျွန်တော် ထင်ပါတယ်”

“အံ့အားသင့်မိပါတယ်။ ကျွန်တော့်အတွက်ကတော့ အဲဒီကိစ္စက အံ့အားသင့်စရာပါပဲ”

“နောက်ဆုံးပွဲစဉ်တွေမှာ သူတို့တွေ ရလဒ်ကောင်းမရခဲ့တာ ဖြစ်ကောင်းဖြစ်နို်င်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက ပိုချက်တီနိုနဲ့ ပြီးပြည့်စုံခဲ့ပါတယ်”

“သူတို့တွေ နည်းပြပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ ကျွန်တော်တို့ နည်းလမ်းရှိသလို သူတို့မှာလည်း ရှိမှာပါ။ ကျွန်တော်တို့ အမှတ်ပေးဇယားမှာ သူတို့နဲ့ အကွာအဝေးကို ထိန်းသိမ်းထားချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က