ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့သူပါ။

တော့တင်ဟမ်ဟော့စပါးနည်းပြသစ် မော်ရင်ဟိုဟာ ပြီးခဲ့တဲ့အပတ်က ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ပိုချက်တီနိုရဲ့ အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ ရိုင်ယန်ဆီဆက်နွန်ဟာ တော့တင်ဟမ်ဟော့စပါးရဲ့ ခံစစ်မှာ ကစားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နွေရာသီက ဖူလ်ဟမ်အသင်းကနေ ရိုင်ယန်ဆီဆက်နွန်ကို ခေါ်ယူခဲ့ပေမယ့် ဆယ်ကျော်သက်နောက်ခံကစားသမား ဆီဆက်နွန်ဟာ ပိုချက်တီနို ထုတ်ပယ်ခံခဲ့ရတဲ့အချိန်အထိ ၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဆီဆက်နွန်ဟာ ယခုရာသီအစမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပေမယ့် လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်တာကြောင့် နည်းပြသစ် မော်ရင်ဟိုရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြနေစဉ်ကာလတုန်းက ဆီဆက်နွန်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသူဖြစ်ပေမယ့် အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဆီဆက်နွန်အနေနဲ့ တော့တင်ဟမ်အတွက် ဘယ်နောက်ခံကစားသမားအဖြစ် ကစားပေးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရိုင်ယန်ဆီဆက်နွန်ကို နောက်ခံကစားသမားထက် တိုက်စစ်ကစားသမားအဖြစ် ပိုပြီး မြင်မိလားလို့ မေးမြန်းခဲ့ရာမှာ မော်ရင်ဟိုက သတင်းထောက်တွေကို အခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

“အခုအချိန်မှာတော့ ဟုတ်ပါတယ်”

“ရိုင်ယန်က လုံးဝကို အံ့အားသင့်စရာကောင်းတဲ့ကစားသမားလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် သူ ဖူလ်ဟမ်မှာ ကစားနေတဲ့ ကလေးဘဝကတည်းက သိခဲ့တာပါ။ သူ ပရီးမီးယားလိဂ်မှာ ပထမအသင်းအတွက် ပါဝင်ကစားပေးခွင့်ရတဲ့အခါမှာ ချန်ပီယံရှစ်နဲ့ ကွဲပြားခြားနားသွားပါပြီ”

“အခုအချိန်မှာ သူက ဘယ်တောင်ပံကစားသမားအဖြစ် ကစားနိုင်ပြီး ညာတောင်ပံကစားသမားအဖြစ်လည်း ကစားနိုင်ပါတယ်။ သူ တဖြည်းဖြည်းတိုးတက်လာပြီး ရုပ်ပိုင်းဆိုင်ရာအရတောင် ဖွံ့ဖြိုးလာအောင် လေ့လာနိုင်အောင် လုပ်နိုင်ပါတယ်။ အခု သူလုပ်နေတာလည်း အဲဒါပဲ”

“ရိုင်ယန်အနေနဲ့ ဘယ်နောက်ခံနေရာမှာ ကစားကောင်း ကစားနိုင်ပါလိမ့်မယ်ထင်ပါတယ်။ နောက်ဆုံးဆယ်စုနှစ်မှာ ကစားခဲ့တဲ့ ဘယ်နောက်ခံကစားသမားက အက်ရှ်လေကိုးဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်”

“ဒါပေမယ့် ရိုင်ယန်က အက်ရှ်လေနဲ့ ဆင်တူတာတွေ အများကြီးရှိပြီး ဘယ်လိုခုခံရမယ်ဆိုတာ သင်ယူနိုင်ပါတယ်။ အနာဂတ်မှာ သူ ဘယ်နောက်ခံကစားသမားဖြစ်လာနိုင်တယ်လို့ ထင်ပေမယ့် လက်ရှိအချိန်မှာတော့ သူက ဘယ်နောက်ခံအနေနဲ့ ကစားဖို့ အဆင်သင့်မဖြစ်သေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Share

က္က