ဘရိုက်တန်ကို အံ့အားသင့်ဖွယ် ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးနည်းပြ ပိုချက်တီနိုရဲ့ နည်းပြရာထူးဟာ နိုင်ငံတကာအားလပ်ရက်အပြီး ဝက်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ ထပ်မံ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အဆုံးသတ်သွားလိမ့်မယ်လို့ The Times ရဲ့ကလောင်ရှင် ကက်စကာရီနိုက ၎င်းရဲ့ဆောင်းပါးထဲမှာ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ခြေစွမ်းဟာ ဖရိုဖရဲဖြစ်နေပြီး လျင်လျင်မြန်မြန်ပဲ နောက်ပြန်ဆုတ်နေတယ်လို့ အိုင်ယာလန်ဂန္တဝင်ကစားသမား တိုနီကက်စကာရီနိုက ပြောကြားခဲ့ပါတယ်။



တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယခုရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲကစားထားရာမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်မြူးနစ်ကို ၇-၂ နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် စနေနေ့မှာ ဘရိုက်တန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အံံ့အားသင့်ဖွယ် ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

“တော့တင်ဟမ်ဟော့စပါးအသင်းအတွက် အချက်ပေးခေါင်းလောင်းသံမြည်နေပြီဆိုတဲ့ နိမိတ်လက္ခဏာပဲ”

“အသင်းက ပိုပြီး ဆိုးရွားလာတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကထက် သိသိသာသာ ဆိုးရွားနေတာကို သတိပြုနိုင်ပါတယ်”

“ဗာတွန်ဂန်၊ ဒန်နီရို့၊ အယ်ဒါဝီလ်၊ ဒယ်လီအလီတို့ဟာ သူတို့ရှိရမယ့် ခြေစွမ်းအဆင့်အတန်းမှာ တစ်ယောက်မှ မရှိကြဘူး”

“ပိုချက်တီနိုရဲ့ မှတ်တမ်းတွေက သူ့ကို ဒီအရာတွေကို အလှည့်အပြောင်းလုပ်နိုင်ဖို့ အခွင့်ပေးနေတာဖြစ်ပေမယ့် သူလုပ်နိုင်နိုင်၊ မလုပ်နိုင်နိုင် ကျွန်တော်ကတော့ သံသယရှိနေဦးမှာပဲ။ တကယ်လို့ သူတို့ ဝက်ဖို့ဒ်ကို နိုင်ငံတကာအားလပ်ရက်အပြီးမှာ ရှုံးရင်တော့ သူကတော့ ပြုတ်ပြီပဲ”လို့ The Times အတွက် ရေးသားခဲ့တဲ့ ဆောင်းပါးထဲမှာ ရေးသားခဲ့ပါတယ်။

Share

Loading Next Article...
က္က