လိဂ်ကတော့ ဧပြီ ၃ ရက်နေ့အထိ ရပ်ထားပါတယ်။

လီဗာပူးက လက်ကျန် ၉ပွဲမှာ ၆မှတ်သာလိုတော့သလို သင်္ချာနည်းအရလည်း ကျန်အသင်းတွေလိုက်မီဖို့ ခက်ခဲ နေသည့်တိုင် ပြိုင်ပွဲမပြီးပါက အနိုင်၊အရှုံးသတ်မှတ်ရင် မမျှတဘူးလို့ ဆိုတာပါ။

တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ စံချိန်တင် ဂိုးသွင်းရှင် ဖြစ်ခဲ့ဖူးတဲ့ နယူးကာဆယ် ဂန္တဝင်တိုက်စစ်မှူးကြီး အလန်ရှီးယားက ရာသီမပြီးပဲ လီဗာပူးကို ချန်ပီယံ ပေးလိုက်မယ်ဆိုရင် မမျှတဘူးလို့ ယုံကြည်တဲ့အကြောင်း The Sun သတင်းဌာနကိုပြောသွားပါတယ်။



လီဗာပူးက လက်ရှိ ဒုတိယနေရာကအသင်းကို ၂၅မှတ်ဖြတ်ထားပြီး နောက်ထပ် ၆ မှတ်ရရုံနဲ့ ချန်ပီယံ ဖြစ်မှာ ဖြစ် ပေမယ့်လည်း ပရီးမီးယားလိဂ်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကြောင့် ဧပြီလ ၃ ရက်နေ့အထိ ရပ်နားထားပါ တယ်။

“ရာသီမသိမ်းနိုင်ရင် အနိုင်ရသူနဲ့ရှုံးနိမ့်သူကို ခွဲခြားပေးနိုင်မှာမဟုတ်ပါဘူး။ဘယ်ကလပ်အသင်းမှ လီဗာပူးလောက် ကြောက်စရာ အခြေအနေနဲ့တော့ ရင်ဆိုင်မနေရတာလည်း အမှန်ပါ။ဒါပေမယ့်လည်း ရာသီမသိမ်းနိုင်ရင်တော့ ချန်ပီယံရော၊တန်းဆင်းတာရောအကြုံးမဝင်နိုင်ပါဘူး။”လို့ အလန်ရှီးယားက ပြောလာခဲ့တာပါ။

အလန်ရှီးယားနည်းတူ ဝက်စ်ဟမ်းအသင်းရဲ့ ဒု-ဥက္ကဌကလည်း ပရီးမီးယားလိဂ်ကို ဒီရာသီအပြီးတိုင် ရပ်နားလိုက်ဖို့ တိုက်တွန်းထားတာ ရှိနေပြန်ပါတယ်။

“လီဗာပူးအတွက်တော့ တကယ်ကို ခက်ခဲစေမှာမှန်ပေမယ့် ချန်ပီယံ ပေးလိုက်မယ်ဆိုရင်လည်း ဘယ်လိုမှ မျှတတယ်လို့ ခံစားလို့ မရပါဘူး။သူတို့ ၆မှတ်ထဲပဲ လိုတာမှန်ပါတယ်။သင်္ချာနည်းအရလည်း အခြားအသင်းတွေ လိုက်မီဖို့ အင်မတန်ခက်သွားပါပြီ။”လို့ အလန်ရှီးယားက ထပ်လောင်းပြောပါသေးတယ်။

အလန်းရှီးယားအပြင် လီဗာပူး နည်းပြဟောင်းကင်နီဒဲလ်ဂလစ်ရှစ်ကလည်း ပရီးမီးယားလိဂ် ခရီးဆက်ဖို့ မဖြစ်နိုင် တော့ဘူးလို့ မှတ်ချက်ပြုထားပါသေးတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကို ရပ်ဖို့တော့ FA ကအတည်မပြုသေးပဲ အခြေအနေပေါ်မှာ မူတည်ပြီး မူလသတ် မှတ်ထားတဲ့ ဧပြီလ ၃ ရက်နေ့ကိုလည်း အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်ပါသေးတယ်။

လီဗာပူးကတော့ ရာသီပြန်စမယ်ဆိုရင် ၉ပွဲဆက်ကစားဖို့ ရှိနေသေးပြီး ၆ မှတ်ရရုံနဲ့ နှစ်ပေါင်း ၃၀ကြာ ဝေးကွာနေ တဲ့ အမှတ်ပေးဖလားကို ပိုင်ဆိုင်နိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က