မတူညီတဲ့ အချက်လေးတွေကို ပြောပြလာပါတယ်။

ကျော်ထက်အောင်ကတော့ Esther နဲ့ အေးမြဖြူ တို့ရဲ့ မတူညီတဲ့ စိတ်နေ စိတ်ထားလေးတွေအကြောင်းပြောပြလာပါတယ်။ ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီနဲ့လည်း မောင်နှမတွေလို ရင်းရင်းနှီးနှီးရှိတယ်လို့ ဆိုပါတယ်။

Photo: Htet Zaw Aung



ကျော်ထက်အောင်ကတော့ ပရိသတ်အချစ်တော်တွေဖြစ်တဲ့ Myanmar Idol(Season-4) သီချင်းဆိုပြိုင်ပွဲဝင် တွေရဲ့ စိတ်နေစိတ်ထားတွေကို ပြောပြလာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း မောင်နှမတွေလို ရင်းနှီးနေကြပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အခုနောက်ပိုင်းမှာဆိုရင် အကုန်လုံးက ပိုပြီးတော့ နားလည်လာတယ်။ ပိုရင်းနှီးလာတာနဲ့အမျှ အားလုံးက ညီတွေ၊ ညီမတွေပါပဲ။ ယောကီးလေးဆိုလည်း စိတ်ထားဖြူစင်တယ်။ ချစ်စရာကောင်းတယ်။ မူးလာလေးဆိုလည်း ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်။ သူ့စိတ်ထားလေးကိုလည်းမြင်ရတယ် အဖြူထည်လေးပေါ့နော်။ Esther ဆိုရင်လည်း ကလေးတစ်ယောက်လိုပဲ။ အခုနောက်ပိုင်းတော့ Esther ရဲ့ ဆိုပုံလေးတွေကို ပိုသဘောကျမိတယ်” လု့ိ ဆိုပါတယ်။

Photo: Htet Zaw Aung

အဲဒီနောက် မိန်းကလေး ပြိုင်ပွဲဝင်တွေလည်းဖြစ်တဲ့ Esther နဲ့ အေးမြဖြူတို့ရဲ့ မတူညီတဲ့ အချက်လေးတွေကိုလည်း ကျော်ထက်အောင်က ပြောပြခဲ့ပြန်ပါသေးတယ်။

“ အေးမြဖြူဆိုလည်း Esther ထက်ငယ်တယ်ဆိုပေမယ့် အရမ်း Strong ဖြစ်တဲ့ မိန်းကလေးပါ။ အနုပညာလောကမှာလည်း အတွေ့အကြုံရှိထားပြီးပြီဆိုတော့ အရမ်း သန်မာတယ်လို့ခံစားရတယ်။ ပညာကလည်း သူက အရမ်းတော်တယ်။ Esther ကတော့ အခုမှစပြီး ဒီအလုပ်လုပ်တာဖြစ်တဲ့အတွက် ခံစားရတာတွေရှိမှာပေါ့” လို့ သူကဆိုပါတယ်။

Photo: Htet Zaw Aung

ကျော်ထက်အောင်ဟာ Myanmar Idol(Season-4) သီချင်းဆိုပြိုင်ပွဲ Top-11 အထိ ပါဝင်လာခဲ့တဲ့ ပြိုင်ပွဲဝင်တွေနဲ့ ရင်းရင်းနှီးနှီးနေတယ်လို့ ဆိုပါတယ်။ အစ်ကိုကြီးတစ်ယောက်လို ဆုံးမသင့်တာတွေလည်း ဆုံးမတယ်လို့ ပြောပါတယ်။

“ သူတို့တွေ အားလုံးကိုလည်း ဒီပြိုင်ပွဲပြီးရင် ဘယ်လိုနေထိုင်သင့်တယ်။ ဘယ်လို စိတ်ထားရမယ် ဆိုတာလေးတွေကို ရှေ့က ကလေးတွေနဲ့ ယှဉ်ပြီးတော့ ဆုံးမဖြစ်တယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ မနက်က တိမ်တွေပေါ်က ပန်း ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။


Photo: Htet Zaw Aung

ကျော်ထက်အောင်ကိုတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲက အစီအစဉ်တင်ဆက်သူတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ သူဟာ Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 1 က စလို့ အခု Season 4 အထိ Host တစ်ဦးအဖြစ် ပါဝင်လာခဲ့တာပါ။ အခုဆိုရင်တော့ သူဟာ သရုပ်ဆောင်တစ် ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ချူဆီရုပ်ရှင်ဇာတ်ကား၊ စရိုက် ရုပ်ရှင်ဇာတ်ကား တို့ကလည်း ရုံတင်ပြသခဲ့ပြီးဖြစ်သလို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် “တိမ်တွေပေါ်က ပန်း”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အဓိက သရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်ထားပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က