သူက ဒဿလိုမျိုးတဲ့။

"မနေ့ကဖြစ်သည်-၂" ရုပ်သံဇာတ်လမ်းတွဲထဲမှာ ခန့်ထည်ဆိုတဲ့ နာမည်နဲ့ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူ တိုင်ရွန်ရဲ့ အချစ်အပေါ် ခံယူထားတဲ့ စိတ်သဘောထားလေးက ဘယ်လိုဖြစ်မလဲ။



Photo : တိုင်ရွန် FB

 

မော်ဒယ်လောကမှာ အောင်မြင်မှု ရရှိထားတဲ့တိုင်ရွန်ဟာ အခုဆိုရင် ဇာတ်ကားတွေတောင် ရိုက်ကူးနေရပါပြီ။ လက်ရှိမှာ MRTV-4 ကနေ ပြသနေတဲ့ "မနေ့ကဖြစ်သည်-၂" ရုပ်သံဇာတ်လမ်းတွဲထဲမှာ ခန့်ထည်ဆိုတဲ့ နာမည်နဲ့ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားသူပါ။ တိုင်ရွန်ဟာ ဒီဇာတ်လမ်းတွဲထဲမှာ ခန့်ထည် ဆိုတဲ့ လူမိုက်ဆန်ဆန် ကောင်လေး၊ သူဌေးရဲ့ သက်တော်စောင့် တစ်ယောက်နေရာက ပါဝင် သရုပ်ဆောင် ထားတာပါ။

Photo : တိုင်ရွန် FB

 

မကြာခင်မှာလည်း စာရေးဆရာချစ်ဦးညို ရဲ့ လင်္ကာဒီပ ချစ်သူ ဝတ္ထုကို ပြန်လည်ပုံဖော်မယ့် ပြဇာတ်မှာလည်း လက္ခဏာဆိုတဲ့ ကာရိုက်တာ လေးနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

"လင်္ကာဒီပချစ်သူမှာ ကျွန်တော့်ကို လက္ခဏာနေရာက တွေ့ရမှာပေါ။ ကျွန်တော်တို့ အော်ပရာပုံစံမျိုးတွေ့ရမှာပေ့ါ။ ငယ်ငယ်တုန်းက ကြည့် ခဲ့ဖူးတဲ့ ပြဇာတ်ပုံစံမျိုးက ဇာတ်အဝတ်အစားလို ပုံစံမျိုးပေ့ါ။ ဒီဘက်မှာက ဒီဇိုုင်နာကိုမျိုးမင်းစိုးကနေပြီတော့ ခေတ်သစ် အမြင်နောက်က တေးဂီတအများကြီး တင်ဆက်ထားတာ ဖြစ်လို့ အရမ်းကိုထူးဆန်းမယ်လို့ ထင်ပါတယ်။" ဆိုပြီး စက်တင်ဘာ(၂၃) ရက်နေ့ ပြုလုပ် တဲ့ "Dynasty" ဆိုင်ဖွင့်ပွဲမှာ မီဒီယာတွေကို ဖြေဆိုပေးထားတာပါ။

Photo : တိုင်ရွန် FB

 

သူအနေနဲ့ လကာၤဒီပဝတ္ထုကို စဖတ်စဉ်ကတည်းက သူဖြစ်ချင်ခဲ့တာ လက္ခဏာပဲ ဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။

"ကျွန်တော်လည်း ဒီဇာတ်ထဲမှာ ဖြစ်ချင်ခဲ့တာက လက္ခဏာပဲ ဖြစ်ချင်ခဲ့တာ ။ ပွင့်ပွင့်လင်းလင်း ပြောတာမလိမ်ဘူး။ လက္ခဏာရဲ့ စိတ်က ဦးနှောက် ပိုပြီး တွေးခေါ်နိုင်စွမ်းကောင်းတယ်။ လေးတင်တဲ့နေရာမှာသာ တစ်ဝက်ပဲ တင်ပြီး အကိုဖြစ်တဲ့သူကို အနစ်နာခံခဲ့တယ်။ နောက်ပြီး မယ်သီတာကို သူကိုယိုင်ချစ်ရဲ့သားနဲ့ အကိုဖြစ်သူကို ဦးစားပေးခဲ့တယ်။ ဒီလိုသူရဲကောင်းစိတ်ဓာတ်တွေအများဆုံးက လက္ခဏာမှာ ပိုပြီးတွေ့ရ တယ်။ ရာမထက် စာရင် ။ ငယ်ငယ်ကတည်း လင်္ကာဒီပ ချစ်သူစာအုပ်ဖတ်ဖူးကတည်းက လက္ခဏာကို ကြိုက်ခဲ့တာ ။" ဆိုပြီး ဆက်လက် ပြောပြခဲ့ပါတယ်။

Photo : တိုင်ရွန် FB

အင်းဝမြို့က ပရိသတ်တွေကြောင့် ပျော်ရွှင်ခဲ့ရတဲ့ တိုင်ရွန်  

လင်္ကာဒီပချစ်သူ ထဲက လက္ခာဏာရဲ့ ကာရိုက်တာကို ကြိုက်ပေမယ့် အပြင်မှာတော့ သူ့ရဲ့ အချစ်ပေါ်ထားတဲ့စိတ်က လက္ခဏာနဲ့မတူဘူးတဲ့။ သူ့ရဲ့ အချစ်က ဒဿလိုအချစ်မျိုးဖြစ်တယ်ဆိုတာလေးကိုလည်း ပြောပြထားပါသေးတယ်။

"ကျွန်တော့်အချစ်က လက္ခာအချစ်နဲ့ သိပ်မဆင်ဘူး ရချင်တယ်ဆိုရင် ပိုင်ဆိုင်တာမှ အချစ်လို့ထင်တယ်။ ကျွန်တော်မပိုင်ဆိုင်တဲ့အရာ ကျွန်တော် အရှုံးပေးရတာကို အချစ်လို့ မထင်ဘူး။ ဘာလို့လည်း ဆိုတော့ ကိုယ်တစ်ကယ်ချစ်ရင် ကိုယ့်နားမှာပဲ  ရှိစေချင်တာလေ။ အဲ့တော့ ကျွန်တော့်ရဲ့ အ်ချစ်က ဒဿလိုဆန်တယ်။ ရာမနဲ့မဆင်သလို လက္ခဏာနဲ့လည်း မဆင်ဘူး ။ဒဿနဲ့ဆင်တယ်။ အတ္တကြီးတာပေ့ါ။ ကိုယ့်ကို ကိုယ် ပိုချစ်တယ်။ အဲ့အတွက် ဒုက္ခ ခံရတာ ကျွန်တော်မကြိုက်ဘူး အဲ့အတွက် ကျွန်တော်ချစ်တဲ့ သူကို ရအောင် ကြိုးစားရတာ ကျွန်တော် ကြိုက်တယ်။ ကျွန်တော်ကြိုက်တဲ့သူကို သူများလက်ထဲ ထည့်ပေးလိုက်ရတာ ကျွန်တော်မကြိုက်ဘူး။သူများနဲ့ယူပြီး နောက်သုံးလေး နှစ်နေရင် ကျွန်တော့်ကို မေ့သွားမှာ အဲ့တော့ ကျွန်တော်ချစ်တဲ့သူကို  ရအောင်ယူမယ် ကျွန်တော့်ကို သုံးလေးနှစ်အတွင်း ပြန်ချစ်လာအောင် ကြိုးစားမယ်။" ဆိုပြီး အချစ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်ကို ပြောပြသွားပါတယ်။

Photo : တိုင်ရွန် FB

 

မော်ဒယ်လောကမှာ အောင်မြင်မှုများစွာ ပိုင်ဆိုင်ပြီးခဲ့တဲ့ တိုင်ရွန်ဟာ သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်တဲ့သူဖြစ်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေတာကို တွေ့ပါတယ်။ အဲ့ဒီ နောက် ပရဟိတ လုပ်ငန်းတွေမှာလည်း တစ်ယောက်တည်းဖြစ်စေ၊ အပေါင်းအသင်းတွေ၊ ပရိသတ်တွေနဲ့ဖြစ်စေ အားသွန်ခွန်စိုက် ဆောင် ရွက်နေတာကို တွေ့ရပါတယ်။

တိုင်ရွန်ဟာ အားပေးကြတဲ့ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့အတွက် အစစအရာရာအကောင်းဆုံးဖြစ်အောင် နေထိုင်တယ်လို့ ပြော ပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတ အလုပ် တွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က