Google ဟာ မူလ Pixel ဖုန်းပိုင်ရှင်တွေကို အလျော်ပေးနေပါတယ်

Google ကနေ ထုတ်လုပ်ခဲ့သမျှ ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးမော်ဒယ်သစ်တွေ ဖြစ်တဲ့ Pixel 3a နဲ့Pixel 3a XL တို့ဟာ ဈေးကွက်ထဲ ဖြန့်ချိပြီး နှစ်ပတ်အတွင်းမှာ ပြဿနာတစ်ခု တက်နေတယ်လို့ဆိုပါတယ်။

         Goolge Pixel 3a နဲ့Pixel 3a XL တို့ကို သုံးစွဲနေတဲ့ users တစ်ချို့ဟာ ဖုန်းသုံးပြုနေစဉ်အတွင်း စက်ပိတ်သွားတဲ့ အဖြစ်တွေ ကြုံတွေ့နေခဲ့တယ်လို့Reddit နဲ့Google support စာမျက်နှာများမှာ ရေးသားခဲ့ပါတယ်။ Reddit ပေါ်မှာ တက်လာတဲ့ ပို့စ်တစ်ခုမှာတော့ ဖုန်းဟာ ဆက်တိုက်ဆိုသလို စက်ပိတ်ပိတ်သွားတာကြောင့် စိတ်ပိတ်ချိန်တိုင်းမှာ ပါဝါခလုတ်ကို စက္ကန့်၃၀ ကြာအောင် ဖိပြီး hard reset လုပ်ရတယ်လို့ဆိုပါတယ်။



Photo: Google Support

         " မနေ့ကဆို ကျွန်တော် အဲ့သလို shutdown ဖြစ်တာ ၃ ခါ ကြုံခဲ့ပါတယ်။ ညသန်းခေါင်ကြီး ဖြစ်တာလည်း ပါတယ်။ ဖုန်း reset ပြန်လုပ်နေရတာနဲ့မနက် Alarm ကိုတောင် မသိလိုက်ဘူး။ ဒီနေ့ညလည်း ထပ်ဖြစ်သေးတယ်။" လို့ပို့စ်မှာ ဖော်ပြထားပါတယ်။

         Android Police မှာ ဖော်ပြချက်အရ Pixel 3a ဖုန်းကိုင်သူတစ်ဦးဟာ အလုပ်က WiFi ကွန်ရက်နဲ့ချိတ်ဆက်ပြီး ဖုန်းကို ၁၀ မိနစ်လောက် ဒီအတိုင်းထားလိုက်တာနဲ့Reboot ပြန်လုပ်ပေးနေရတယ်လို့ဆိုပါတယ်။ Google ထုတ် Pixel ဖုန်းတွေဟာ ပြဿနာမကင်းတဲ့ ဖုန်းတွေ များပါတယ်။ ပထမဆုံး ထုတ်ခဲ့တဲ့ Original Pixel ဖုန်းတွေမှာ နားကြပ်ပေါက် ပြဿနာကြောင့် သုံးစွဲသူတွေဟာ Google ကို တရားစွဲခဲ့ပါတယ်။

         Google ဟာ နားကြပ်ပေါက်ပြဿနာကြောင့် အသုံးပြုမရတဲ့ Original Pixel ဖုန်းပိုင်ရှင်တွေကို တစ်ယောက် ဒေါ်လာ ၅၀၀ နှုန်းနဲ့စုစုပေါင်း ဒေါ်လာ ၇.၂၅ သန်း ပေးသွားဖို့သဘောတူထားပါတယ်။ ၂၀၁၇ ဇန်နဝါရီ ၄ ရက်မတိုင်ခင်က ထုတ်လုပ်ထားတဲ့ Google Pixel ဖုန်းတွေမှာ ဒီပြဿနာတက်ခဲ့ပြီး ပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲမှာ Google ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

Photo: wired

         ဒုတိယမျိုးဆက် Google Pixel 2 XL မှာလည်း Screen ကြောင်ပြီး ပုံရိပ်တွေ ထင်ကျန်နေခဲ့တာ ၊ ဖုန်းအပူလွန်ကဲပြီး ဘက်ထရီမခံတာတွေ ဖြစ်လာခဲံသလို Pixel 3/3XL တို့မှာလည်း notch နှစ်ခု ဖြစ်တာ ၊ wireless charging သွင်းချိန်မှာ အပူလွန်ကဲပြီး shut down ဖြစ်ကုန်တာတွေ ကြုံတွေ့ခဲ့ပါတယ်။         

         Google ဖုန်းတွေထဲမှာ ဈေးအနည်းဆုံး mid-range ဖုန်းတွေ ဖြစ်တဲ့ Google Pixel 3a / 3a XL တို့ဟာ Snapdragon 670 Processor နဲ့လာပြီး Google Pixel 3/3XL တို ု့လို high-end ဖုန်းတွေမှာပါတဲ့ ကင်မရာစွမ်းရည် ပါလာတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ Pixel 3a ကို ၃၉၉ ဒေါ်လာ ( မြန်မာငွေ ၆ သိန်းကျော်) နဲ့Pixel 3a XL ကို ၄၇၉ ဒေါ်လာ ( မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က