Google ရဲ့ နာမည်ကျော်ကင်မရာဖုန်းသစ်တွေ

Google ရဲ့ ကိုယ်ပိုင် Tensor chip ပထမဆုံးသုံးမယ့် စမတ်ဖုန်းတွေကို ဒီလတတိယပတ်မှာ ကြေညာသွားတော့မှာပါ။

 



           မိတ်ဆက်မယ့်ရက် မထွက်ခင် နှစ်လလောက်ကတည်းက Google ဟာ ကုမ္ပဏီရဲ့ အသစ်ထွက်လာမယ့်စမတ်ဖုန်းသစ်တွေကို နေရာတိုင်းမှာ ကြော်ငြာထားတာပါ။ Google Pixel 6 နဲ့ Pixel 6 Pro တို့ရဲ့ အချက်အလက်တချို့လည်း သိနေကြပြီ ဖြစ်လို့ ဒီဖုန်းတွေရဲ့ တကယ့်လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာကို တရားဝင်မိတ်ဆက်ပွဲမှာ ကြားရဦးမှာပါ။ Pixel Fall Launch ဟာ Google အတွက် ကုမ္ပဏီရဲ့ အကောင်းဆုံး Flagship ဖုန်းသစ်တွေကို ကြေညာမယ့်ပွဲတစ်ခု ဖြစ်လာမှာ သေချာပါတယ်။


Photo: GSMArena


           သေချာသလောက်ရှိတာကတော့ Google Pixel ဖုန်းတွေမျာ သုံးမယ့် Tensor chip အကြောင်း အသစ်အဆန်းတွေ ကြားရမယ်ဆိုတာပါပဲ။ ကုမ္ပဏီထုတ် Tensor chip သစ်ဟာ Pixel ဖုန်းသုံးသူတွေအတွက် AI နဲ့ Machine Learning ပိုင်းမှာ ဆန်းသစ်တီထွင်မှုအရှိဆုံးအတွေ့အကြုံတွေ ပေးမယ်လို့ ကုမ္ပဏီက အာမခံထားပါတယ်။ Pixel 6/6 Pro တို့မှာ ကင်မရာလုပ်ဆောင်ချက် ၊ စကားသံမှတ်သိမှုစနစ်နဲ့ တခြား features သစ်တွေအကြောင်းလည်း စိတ်ဝင်စားစရာ ကြားရဖို့ ရှိပါတယ်။

           Google Pixel 6 နဲ့ Pixel 6 Pro တို့ဟာ အလူမီနီယံဖရိန်ဒီဇိုင်း ၊ Matte Finish စတိုင်နဲ့လာပြီး ဖုန်းနှစ်မျိုးစလုံးမှာ Charger ပါမှာမဟုတ်ဘူးလို့လည်း ကုမ္ပဏီဘက်က အတည်ပြုထားပါတယ်။ iPhone 12 စီးရီးက စလိုက်တဲ့ ဖုန်းဗူးမှာ charger မထည့်တဲ့ကိစ္စကလည်း စမတ်ဖုန်းလောကမှာ ဖက်ရှင်လို ဖြစ်နေပါတယ်။ လောလောဆယ်သိရတဲ့ Rumors တချို့အကြောင်းကိုလည်း ‌ဖောက်သည်ချချင်ပါတယ်။

           သတင်းတွေအရဆို Pixel 6 က ၆.၄ လက်မ FHD+ AMOLED display နဲ့လာမယ်။ Android 12 OS သုံးမယ်။ RAM 8GB/256GB storage ပါမယ်။ ကင်မရာဒီဇိုင်းက အလျားလိုက် Horizontal Housing နဲ့လာပြီး ကျောဘက်မှာ 50MP main sensor နဲ့ 12MP ultra-wide ကင်မရာပါမယ်။ ရှေ့ punch-hole မှာ 8MP selfie ကင်မရာ သုံးပါမယ်။ 33W fast charging support ပေးထားတဲ့ 4614mAh ဘက်ထရီ ပါမယ်။ ဖုန်းနှစ်မျိုးစလုံး In-Display လက်ဗွေစနစ် သုံးပါမယ်။


Photo: fuentitech


           Pro မော်ဒယ်မှာ ၆.၇ လက်မ ဘေးဘောင်ကွေး pOLED display နဲ့လာပြီး 120Hz refresh rate ပါရှိပါမယ်။ RAM 12GB အထိပါပြီး internal storage ကိုလည်း 512GB အထိ ထုတ်ဖို့ ရှိပါတယ်။ Pixel 6 Pro ဟာ ကျောဘက်မှာ သုံးလုံးတွဲကင်မရာတွေ ဖြစ်တဲ့ 50MP main sensor ၊ 12MP ultra-wide ကင်မရာ နဲ့ 48MP telephoto lens တို့ သုံးလာဖို့ ရှိပါတယ်။ ရှေ့ ဆယ်လ်ဖီက 12MP ဖြစ်ပြီး ဘက်ထရီပါဝါ 5000mAh အားသုံးမယ်လို့ ဆိုပါတယ်။

           ဒါတွေအကုန်လုံးက တရားဝင်သတင်းတွေ မဟုတ်သေးလို့ အတည်ယူလို့ မရသေးပါဘူး။ အောက်တိုဘာ ၁၉ ရက် ပစိဖိတ်စံတော်ချိန် မနက် ၁၀ နာရီ (မြန်မာစံတော်ချိန် ည ၁၁ ခွဲခန့်) Pixel Fall Launch မှာပဲ တရားဝင် မြင်တွေ့ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က