Update သစ်မှာ ဒီပြဿနာဖြေရှင်းနိုင်မလား

အသစ်စက်စက် Google Pixel 6 တွေမှာ Fingerprint Scanner သုံးလို့ သိပ်မသွက်တဲ့အကြောင်းကို Google က ထုတ်‌‌ဖော်ပြောဆိုလိုက်ပါတယ်။ 

အောက်တိုဘာလထဲမှာ ဖြန့်ချိခဲ့တဲ့ Pixel 6 နဲ့ Pixel 6 Pro ဖုန်းသစ်တွေဟာ မှန်ပြင်အောက် လက်ဗွေဖတ်စနစ်နဲ့ လာတဲ့ ဖုန်းတွေ ဖြစ်ပြီး ဒီဖုန်းကိုင်သူတွေက ဖုန်းလက်ဗွေစနစ် သုံးရနှေးကွေးပြီး စိတ်မချရတဲ့အပေါ် ‌ဝေဖန်နေကြတာပါ။ သုံးစွဲသူတွေရဲ့ ဝေဖန်သံတွေ ညံလာချိန်မှာ Google ဘက်ကလည်း ဖြေရှင်းချက်ပေးလာပါတယ်။ ဒီဖြေရှင်းချက်က လက်ဗွေနဲ့ ဖုန်း Unlock လုပ်ရ နှေးကွေးမှုအတွက် အဖြေတော့ ဖြစ်မှာ မဟုတ်ပါဘူး။





Google ရဲ့ တရားဝင် Twitter အကောင့်တစ်ခုဖြစ်တဲ့ Made By Google အကောင့်မှာ Pixel 6 လက်ဗွေ Sensor ဟာ အဆင့်မြင့်လုံခြုံရေး Algorithms တွေ သုံးထားတာကြောင့် ဖုန်းလုံခြုံရေးအတွက် Fingerprint နဲ့ လော့ခ်ဖွင့်ချိန်မှာ သုံးစွဲသူအမှန်ဟုတ်မဟုတ် အတည်ပြုဖို့ အချိန်ကြာကြာ ယူရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ Tweet မှာပဲ Google Support စာမျက်နှာကို ညွှန်းထားတဲ့ link တစ်ခုပါ ထည့်ပေးထားပါတယ်။ 

သုံးစွဲသူတချို့ကတော့ အခုလို လက်ဗွေဖွင့်ရနှေးတာဟာ Pixel 6 နဲ့ Pixel 6 Pro တို့မှာ သုံးတဲ့ Optical Under-Display လက်ဗွေစနစ်ကြောင့်လို့ ပြောကြပါယ်။ Samsung S21 လို့ ဖုန်းတွေမှာ ပိုပြီး အဆင့်မြင့်တဲ့ Ultrasonic sensor သုံးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း OnePlus 9 လို ဖုန်းတွေမှာလည်း Optical sensor သုံးပေမယ့် Performance မြန်တယ်လို့လည်း Reddit Users တွေက ပြောထားကြပါတယ်။ Pixel 6 နဲ့ Pixel 6 Pro တွေမှာ သုံးထားတဲ့ Fingerprint Scanner တွေဟာ ဖုန်း motherboard နဲ့ ချိတ်ဆက်ထားလို့ Screen ပြန်လဲရ ပိုခက်မယ်လို့လည်း ဆိုပါတယ်။ 

Pixel 6 စီးရီး လက်ဗွေပြဿနာဟာ Software Update နဲ့ ဖြေရှင်းနိုင်မလားဆိုတာ မသိရသေးပါဘူး။ Google Assistant ခလုတ်ကြောင်တာကြောင့် Pixel 6 ဖုန်းတချို့ဟာ ဖုန်း contact list ထဲက နံပါတ်တွေကို သူ့ဘာသာ ကြုံရာ ဖုန်းခေါ်တာမျိုးတွေ ရှိနေတယ်လို့လည်း သတင်းထွက်ထားပါတယ်။ 

Share

Loading Next Article...
က္က