Pixel Fold အတွက် ပစ္စည်းအော်ဒါမှာတာ Cancel လိုက်တဲ့ Google

Google ရဲ့ ခေါက်သိမ်းနိုင်စမတ်ဖုန်းဟာ နောက်နှစ် နှစ်လယ်အထိ ဈေးကွက်ထဲ မိတ်ဆက်နိုင်ဦးမှာ မဟုတ်ပါဘူး။

Digital Supply Chain Consultants (DSCC) ရဲ့ အစီရင်ခံစာအရ Google ဟာ Pixel Fold ထုတ်ကုန်အတွက် လိုအပ်တဲ့ပစ္စည်းအစိတ်အပိုင်းတွေ အော်ဒါမှာယူမှုကို Cancel လိုက်တယ်လို့ ဆိုပါတယ်။ Pixel Fold အတွက် အော်ဒါမှာတာကို ဘယ်အချိန်အထိ Cancel လိုက်တာလဲတော့ မသိရသေးပါဘူး။ 





"Google Pixel Fold စောင့်နေသူတွေအတွက် သတင်းဆိုးပါ။ အခု Google က ပစ္စည်းအစိတ်အပိုင်းအော်ဒါမှာယူမှု ပယ်ဖျက်လိုက်ပြီး DSCC ရဲ့ အပတ်စဉ်သုံးသပ်ချက်မှာ ‌ဖော်ပြခဲ့သလို ဈေးကွက်ထဲ တင်တာမျိုးမလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။" လို့ ရော့စ်ယန်းဂ်က ဆိုပါတယ်။ 

ယန်းရဲ့အဆိုအရ Google ဟာ အချက်နှစ်ချက်ကြောင့် Pixel Fold အတွက် အော်ဒါမှာတာတွေ ပယ်ဖျက်လိုက်တာ ဖြစ်မယ်လို့ ဆိုပါတယ်။ ပထမအချက်က Google ထုတ်ကုန်သစ်ဟာ ဈေးကွက်မှာ ရှိထားတဲ့ ပြိုင်ဘက် Foldable တွေကို မယှဉ်နိုင်မှာ စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိ Foldable ဖုန်းဈေးကွက်မှာ Samsung က ကြီးစိုးထားတာပါ။ 

Foldable ဖုန်းဈေးကွက်မှာ Samsung ကို ယှဉ်ဖိုက်ဖို့ဆိုရင် ပစ္စည်းပိုကောင်းပြီး ဈေးပိုသက်သာတဲ့ ထုတ်ကုန်မျိုး ထုတ်ဖို့ လိုပါတယ်။ ဒီအချက်မှာလည်း Google ဘက်က လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ ဒုတိယအကြောင်းရင်းအနေနဲ့ ပစ္စည်းအစိတ်အပိုင်း ပြတ်လပ်မှုကြောင့် ဖြစ်နိုင်ပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ ကမ္ဘာ့ Chip ပစ္စည်းပြတ်လပ်မှုဟာ ဖုန်းထုတ်လုပ်မှုပိုင်းမှာ အခက်တွေ့စေတဲ့ အကြောင်းတစ်ရပ်ဖြစ်လာနေလို့ Foldable ဖုန်းတွေအတွက် ပစ္စည်းမှာရ ခက်နိုင်ပါတယ်။ 

Google ခေါက်သိမ်းနိုင်စမတ်ဖုန်းတွေ ၂၀၂၂ ပထမနှစ်ဝက်အထိ ထွက်လာမှာ မဟုတ်ဘူးလို့ ခန့်မှန်းထားပါတယ်။ Google ခေါက်သိမ်းနိုင်စမတ်ဖုန်းမှာ Google Pixel 5 လိုမျိုး Dual-Camera Setup နဲ့လာပြီး အတွင်းနဲ့ အပြင် display တွေအတွက် 8MP Selfie ကင်မရာနှစ်လုံး ပါမယ်လို့ သတင်းထွက်နေပါတယ်။ အတွင်းပင်မ Screen ဟာ ၇.၆ လက်မ LTPO OLED display ရှိပြီး Samsung က ထုတ်လုပ်ပေးမယ်လို့ ယူဆရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က