နှစ်သင်းစလုံး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်တွမှာတော့ ​ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ရှုံးပွဲကြုံတွေ့ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အာဆင်နယ်က ဝက်စ်ဟမ်းကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို သုံးဂိုးပြတ်နဲ့ ရှုံးခဲ့တာပါ။



အာဆင်နယ်က ဆာကာ၊ အိုဒီဂတ်၊ မာတီနယ်လီ၊ ဆာလီဘာတို့လို ကစားသမားတွေကို အနားပေးခဲ့ပြီး ဝက်စ်ဟမ်းကတော့ လူစုံနီးပါး ပွဲထွက်လာခဲ့ပါတယ်။ အာဆင်နယ်က ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၇၀) ရာခိုင်နှုန်းကျော်အထိ ရရှိခဲ့ပေမယ့် တကယ်တမ်း ဂိုးတွေရသွားတာကတော့ ဝက်စ်ဟမ်းပါ။
ဝက်စ်ဟမ်းအတွက် ဂိုးတွေကို ဘန်ဝှိုက်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပြီး နောက်နှစ်ဂိုးကတော့ ကူဒက်စ်၊ ဘိုဝင်တို့က သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ အိုဒီဂတ်က ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူပေးသွားခဲ့ပါတယ်။
ယူနိုက်တက်ကလည်း အိမ်ကွင်းမှာ ရပ်ရှ်ဖို့ဒ်၊ ဟို့ဂျ်လန်း၊ ဘရူနိုဖာနန်ဒက်စ်၊ အမ်မရာဘတ်တို့ကို အနားပေးခဲ့ပြီး မာရှယ်လ်၊ ဟန်နီဘယ်လ်၊ ဂါနာချို၊ အန်တိုနီ၊ ရီဂွယ်လွန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂိုးပေါက်ကန်သွင်းခွင့်၊ အခွင့်အရေးဖန်တီးမှုအပိုင်းတွေမှာ နယူးကာဆယ်ကပဲ အသာရခဲ့ပြီး ယူနိုက်တက်အတွက် နောက်ထပ် စိတ်ပျက်စရာ ခြေစွမ်းနဲ့ ရလဒ်ဖြစ်ခဲ့ပါတယ်။
နယူးကာဆယ်အတွက် ဂိုးတွေကို အယ်လ်မီရွန်၊ လီဝစ်ဟော၊ ဝဲလ်လော့ခ်တို့က သွင်းယူပေးခဲ့ပါတယ်။ အခြားသောပွဲစဉ်တွေမှာ လီဗာပူးက ဘုန်းမောက်ကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ချဲလ်ဆီးကလည်း အိမ်ကွင်းမှာ ဘလက်ဘန်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။  

Share

Loading Next Article...
က္က