ဘရူနိုကို ဝေဖန်ခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ နည်းပြဟောင်းကြီး ဂရေမီဆောင်းနက်စ်က ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ပတ်သက်လို့ ပြစ်တင် ပြောကြားလာခဲ့ပြန်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မက်ဂွိုင်းရားရဲ့ အသင်းခေါင်းဆောင်ရာထူးကို လွှဲပြောင်းရယူထားတာပါ။



ဒါပေမယ့် ကွင်းတွင်း သူ့ရဲ့ အပြုအမူတွေ၊ ဒိုင်လူကြီးကို စောဒကတက်ပုံတွေက အချို့သော ပရိသတ်တွေအတွက် ဝေဖန်စရာဖြစ်နေပါတယ်။ အဲ့ဒါကြောင့်လည်း ဆောင်းနက်စ်က “ဒီနေ့ခေတ် ဘောလုံးလောကရဲ့ အသင်းခေါင်းဆောင်တွေကို ကြည့်မယ်ဆိုရင် ယူနိုက်တက်ကို ကြည့်လိုက်ပါ”

“သူတို့က ကမ္ဘာ့အကြီးမားဆုံး အသင်းတွေထဲမှာ ပါဝင်ပါတယ်။ အသင်းရဲ့ ကပ္ပတိန်ကျတော့ ဘရူနိုတဲ့ဗျာ။ သူတို့ လီဗာပူးကို သုံးဂိုးပြတ်နဲ့ ရှုံးနေချိန်တုန်းက ဘရူနိုက သဘက်တွေကို လွှင့်ပစ်နေတာပါ။ သူ့အနေနဲ့ အသင်းအတွက် အကျိုးပြုဖို့၊ အားထုတ်ဖို့၊ အသင်းဖော်တွေကို ကူညီဖို့ပဲ လုပ်သင့်ပါတယ်”

“ဘရူနိုက သူ့ရဲ့ ဒီပုံစံကို ပြင်နိုင်တော့မယ်လို့ ကျနော် မထင်ပါဘူး။ ဒါက သူ့ရဲ့ အစိတ်အပိုင်းလိုဖြစ်သွားပါပြီ။ ပခုံးတွန့်ပြမယ်၊ လက်ကို လေထဲဝှေ့ယမ်းနေမယ်။ ဒါက သူ့ရဲ့ ပုံစံပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က