Green Mandalay က လုပ်ဆောင်နေပါတယ်။
ကိုယ်နေထိုင်တဲ့ ရပ်ကွက်ထဲမှာ အရိပ်ရအပင်များ စိုက်ပျိုးလိုသူတွေအနေနဲ့ Green Mandalay အဖွဲ့ကို ဖိတ်ကြားပါက အခမဲ့ လိုက်လံစိုက်ပျိုးပေးသွားမယ်လို့ သိရပါတယ်။

Photo - Aung Thu Phyo

ရာသီဥတုပူပြင်းလာတာကြောင့် အရိပ်ရအပင်တွေကို ထိန်းသိမ်းဖို့ လိုအပ်နေတာတွေ အပင်သစ်တွေ စိုက်ပျိုးဖို့ လိုနေတာတွေကြောင့် မန္တလေးမြို့မှ သစ်ပင်စိုက်ပျိုးရန် ဝါသနာပါတဲ့လူငယ်တွေ စုပေါင်းပြီး သစ်ပင်တွေ လိုက်လံလိုက်ပျိုးပေးနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြို့နယ်အချို့၊ ရပ်ကွက်အချို့မှာ အပင်တွေစိုက်ပျိုးဖို့ ကျွင်းတူးတာတွေပြုလုပ်ထားပြီး စနစ်တကျ စိုက်ပျိုးသွားမှာဖြစ်တယ်လို့ အပင်စိုက်ဝါသနာပါသူ စေတနာဝန်ထမ်းတွေဆီကနေ သိရပါတယ်။

အပင်စိုက်ဖို့ ဖိတ်ခေါ်မယ်ဆိုရင်တော့ အပင်စိုက်မယ့်ရပ်ကွက်မှာ Survey အရင်သွားကောက်တာတွေ၊ အပင်စိုက်ချင်တဲ့ဆန္ဒရှိ မရှိနဲ့ အပင်တွေကို ရေလောင်းပေးနိုင်မယ်ဆိုရင် စိုက်ပျိုးပေးတယ်လို့လည်း သိရပါတယ်။ ပျိုးပင်အသက် ၅ နှစ်သားရှိတဲ့ ပျိုးပင်တွေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေပေးပြီး မန္တလေးတိုင်းတခွင် စိုက်ပျိုးဖို့လုပ်ဆောင်နေတာပါ။ စိုက်ပျိုးခဲ့တဲ့ အပင်သေဆုံးသွားခဲ့မယ်ဆိုရင် ထပ်စိုက်ပေးမှာဖြစ်ပေမယ့် ရေလောင်းဖို့နဲ့ အပင်ကိုဂရုစိုက်ဖို့ နည်းလမ်းတွေလည်း သင်ပေးတယ်လို့ ဆိုပါတယ်။

Photo - Aung Thu Phyo

"ကျွန်တော်တို့ အတိုင်းအတာနဲ့က နေရာတိုင်းလိုက်ပြီး စိုက်လို့မဖြစ်နိုင်ဘူးဆိုတော့ စိုက်ချင်တဲ့ သူတွေရှိရင်လည်း ပျိုးပင်တွေ ပေးတာတွေ၊ အပင်တွေ စပြီး ကြီးလာတဲ့အချိန်မှာ ဂရုစိုက်ဖို့ နည်းလမ်းတွေကို ပေးတာလည်း လုပ်ပါတယ်။"လို့ Green Mandalay အဖွဲ့ရဲ့ဦးဆောင်သူဖြစ်တဲ့ ကိုအောင်သူဖြိုးကပြောပါတယ်။

စိတ်ဝင်စားသူတွေအနေနဲ့ Green Mandalay အဖွဲ့ကို မြေသြဇာလှူဒါန်းတာတွေနဲ့ စေတနာဝန်ထမ်းအဖြစ် ကူညီလိုရင် ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ် ၀၉၉၇၆၈၆၄၇၀၁ ကို ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က