ချဲလ်ဆီးအသင်းရဲ့ လက်ရှိရာသီသွင်းဂိုးအများစုကို အကယ်ဒမီထွက်ကစားသမားတွေက ရယူပေးနိုင်ခဲ့တာပါ။

လူငယ်စီမံကိန်းအတွက်ရင်းနှီးမြှုပ်နှံမှုများတွင် ချဲလ်ဆီးအသင်းနဲ့မန်စီးတီးအသင်းက ငွေကြေးအများဆုံးအသုံး  ပြုခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အသင်းများတွင် လူငယ်စီမံကိန်းအတွက် ငွေကြေးများစွာရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့တဲ့ ချဲလ်ဆီးအ သင်းအနေနဲ့ စီမံချက်အမှားအယွင်းအချို့ကြောင့် ပျက်စီးလုနီးပါးအခြေအနေတစ်ရပ်ကိုရင်ဆိုင်ခဲ့ရတယ်လို့ချဲလ် ဆီးလူငယ်စီမံကိန်းဒါရိုက်တာဟောင်း အီမန်နာလိုရဲ့ ထုတ်ဖော်ပြောဆိုချက်ကို dailymail က ဖော်ပြလာ ပါတ ယ်။

လက်ရှိမှာ အပြောင်းအရွှေ့ဈေးကွက်နှစ်ခုပိတ်ပင်ခံထားရတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ရာသီအစမှာ အဓိက,က စားသမားနှစ်ဦးဖြစ်တဲ့ အီဒင်ဟာဇက်နဲ့ ဒေးဗစ်လူးဝစ်ဇ်တို့ကို လက်လွှတ်ခဲ့ရတဲ့အတွက် လူငယ်ကစားသမားအ များစုကို အသုံးပြုခဲ့ရတာလည်းဖြစ်ပါတယ်။



“ အသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်နဲ့ လက်တွဲခွင့်ရတဲ့အချိန်တွေက အမြဲဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ အသင်းအတွ အကျိုးအမြတ်မမျှော်ကိုးဘဲ အပြည့်အဝပေးဆပ်ခဲ့တယ်။ ဒါပေမဲ့ ငွေကြေးပိုင်းအရ တလွဲအသုံးပြုမှု၊ စီမံကိန်းအ ချို့မအောင်မြင်မှုတွေကြောင့် အကယ်ဒမီစီမံကိန်းက ရပ်တံ့သွားလောက်တဲ့အထိပါပဲ။ ဒါပေမဲ့ လက်ရှိမှာတော့ အအောင်မြင်ဆုံးစီမံကိန်းလို့ပဲ သတ်မှတ်ရတော့မှာပါ ” လို့ အီမန်နာလိုက ဆိုလိုက်တာပါ။

ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိမှာ အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးအေဘရာဟမ်၊ ကွင်း လယ်ကစားသမားမေဆန်မောင့်၊ နောက်ခံလူတီမိုရီ၊ တောင်ပံကစားသမားဟက်ဆန်အော့ဒွိုင်းစ်တို့ကို ပွဲထွက် ကစားသမားစာရင်းမှာ အသုံးပြုနေရတာပါ။

နည်းပြသစ်လမ်းပတ်အနေနဲ့ လူငယ်ကစားသမားအများစုကို ပိုပြီးအခွင့်အရေးအသုံးပြုနေခဲ့ပြီး လက်ရှိမှာလည်း ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်တိုက်စစ်အတွဲကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့အတွက် ချဲလ်ဆီးအသင်းရဲ့လူင ယ် စီမံကိန်းအပေါ် ချီးကျူးမှုအချို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က