ပီအိုလီက ဒုတိယအကျော့အတွက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အေစီမီလန်နည်းပြ ပီအိုလီကတော့ အင်တာမီလန်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဥ်မှာ ပထမအကျော့ရလဒ်ကို ချေဖျက်ပြီး ပြန်လာနိုင်မယ်လို့ ယုံကြည်ချက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနေ့ညမှာ အင်တာမီလန်နဲ့ အေစီမီလန်တို့ ရင်ဆိုင်ရတော့မှာပါ။



ဒီပွဲမတိုင်ခင်မှာ ပီအိုလီက အခုလိုမျိုးပဲ ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပထမအကျော့မှာတော့ အင်တာမီလန်က ပထမပိုင်း (၁၁) မိနစ်အတွင်းမှာတင် အေစီမီလန်ကို နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး ဒီဂိုးတွေနဲ့ပဲ အနိုင်ယူသွားခဲ့တာပါ။ အဲ့ဒါကြောင့် အင်တာမီလန်တို့ ဗိုလ်လုပွဲတက်ဖို့ ရေပန်းစားနေပါပြီ။

ဒါပေမယ့်လည်း ပီအိုလီကတော့ သူ့အသင်းအပေါ် ယုံကြည်နေဆဲဖြစ်ပြီး ဒုတိယအကျော့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပဲ ပြောကြားသွားခဲ့တာပါ။ ပီအိုလီက “ဘောလုံးကစားတဲ့သူတိုင်းက ပွဲမပြီးမချင်း ဒီရလဒ်က မပြီးသေးဘူးဆိုတာကို သိကြပါတယ်။ ကျွန်တော်တို့ ဒုတိယအကျော့မှာ ပြန်လာနိုင်ဖို့အတွက် ယုံကြည်ချက်ရှိနေပါတယ်”

 

“အင်တာမီလန်က တောင့်တင်းတတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့မှာ ကျွန်တော်တို့ကို အခက်တွေ့စေနိုင်တဲ့ အစွမ်းအစရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အေစီမီလန်ဟာ ပထမအကျော့မှာ အဓိကတိုက်စစ်မှူး လီယာအိုကို ဒဏ်ရာပြဿနာကြောင့် အသုံးမပြုနိုင်ခဲ့ဘဲ အသင်းရဲ့တိုက်စစ်ပိုင်းကလည်း ဒုတိယပိုင်းမှာ ကစားပုံကောင်းခဲ့သည့်တိုင် ဂိုးမရခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။

ဒီအပေါ်မှာလည်း ပီအိုလီက “လီယာအိုရဲ့ အခြေအနေက ပိုကောင်းလာပါတယ်။ ကရူနစ်၊ မက်ဆီးယက်စ်တို့လည်း အတူတူပါပဲ။ အရာအားလုံး ဖြစ်သင့်တဲ့အတိုင်းဖြစ်လာရင် ဒီပွဲမတိုင်ခင် လေ့ကျင့်ခန်း အစီအစဥ်မှာ သူတို့ ပါဝင်နိုင်ပြီး အင်တာမီလန်နဲ့ပွဲမှာ ဝင်ကစားနိုင်ပါလိမ့်မယ်။ လီယာအိုက လေ့ကျင့်ခန်းသာ ပြန်ဆင်းနိုင်ခဲ့ရင် ပွဲထွက်နိုင်စွမ်းရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က