Facebook ဟာ ပြီးခဲ့တဲ့ မတ်လကလည်း သန်းနဲ့ချီတဲ့ သုံးစွဲသူတွေရဲ့ စကားဝှက်တွေကို encryption လုပ်မထားတဲ့ plain text အဖြစ်သာ သိမ်းထားခဲ့တယ်လို့ကြေညာခဲ့ပါတယ်။
Photo: macrumors
မတ်လ ၂၁ ရက်နေ့က Facebook ရဲ့ News Room ကနေ ကြေညာရာမှာ Instagram စကားဝှက် သောင်းဂဏန်းကိုလည်း အလားတူ plain text နဲ့သိမ်းခဲ့တယ်လို့ထုတ်ပြန်ခဲ့ပေမယ့် အခုတစ်ခါမှာတော့ plain text နဲ့သိမ်းထားတဲ့ Instagram စကားဝှက်တွေဟာ သန်းပေါင်းများစွာ ရှိခဲ့တယ်လို့ဝန်ခံလိုက်တာပါ။ ဧပြီ ၁၈ ရက် နေ့စွဲနဲ့အသစ်ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြခဲ့တာ ဖြစ်ပြီး ဆာဗာထဲမှာ plain text နဲ့သိမ်းထားတာကြောင့် Facebook ဝန်ထမ်းတစ်ချို့ကနေ ယူသုံးနိုင်မှာလည်း ဖြစ်ပါတယ်။
plain text နဲ့စကားဝှက်သိမ်းခြင်းဟာ Instagram သုံးစွဲသူများအပြင် Facebook Lite သုံးစွဲသူ သန်း ရာပေါင်းများစွာနဲ့သန်းဆယ်ဂဏန်းရှိတဲ့ Facebook သုံးစွဲသူတွေအပေါ် သက်ရောက်မှု ရှိမယ်လို့Facebook က ဆိုပါတယ်။ Facebook နဲ့Instagram စကားဝှက်တွေကို plain text နဲ့သိမ်းထားကြောင်းကို Krebs on Security ဆိုက်ဘာလုံခြုံရေးကုမ္ပဏီမှ စတင်သတင်းပို့ခဲ့တာ ဖြစ်ပါတယ်။
Photo: dailymail
Facebook ဟာ ၂၀၁၂ ခုနှစ်ကတည်းက သန်းရာနဲ့ချီတဲ့ သုံးစွဲသူ စကားဝှက်တွေကို plain text နဲ့သိမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒီစကားဝှက်တွေကို Facebook အင်ဂျင်နီယာနဲ့developer ပေါင်း ၂၀၀၀ ခန့်ကနေ ဝင်သုံးနိုင်တယ်လို့လည်း ဆိုပါတယ်။ အခုချိန်အထိ plain text မှ အချက်အလက်တွေ ကုမ္ပဏီပြင်ပ ပေါက်ကြားခြင်း မရှိသေးသလို တလွဲသုံးတဲ့ အထောက်အထား မမြင်ရသေးဘူးလို့ဆိုပါတယ်။
Instagram စကားဝှက်တွေဟာ မှောင်ခိုဈေးကွက်မှာ ဈေးကောင်းရတဲ့ ရောင်းကုန်ဖြစ်နေပြီး Facebook usernames ထက် Instagram usernames ကို သူခိုးတွေ မျက်စိပိုကျတယ်လို့MacRumors မှာ ဖော်ပြထားပါတယ်။ Facebook အနေနဲ့တလွဲသိမ်းထားတဲ့ စကားဝှက်ပိုင်ရှင် Instagram users တွေကို အသိပေးသွားဖို့ရှိပြီး Instagram သုံးစွဲသူတွေဘက်မှလည်း စကားဝှက်ပြောင်းဖို့နဲ့two-factor authentication ဖွင့်ထားသင့်တယ်လို့ဆိုပါတယ်။