မြန်မာငွေ ၂ သိန်းခွဲဈေးနဲ့dual cameras ပါဝင်လာတဲ့ ဖုန်းမော်ဒယ်သစ်တစ်မျိုးကတော့ Xiaomi Mi Play ပါပဲ။
Photo: gizmochina
Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး waterdrop notch သုံးလာတဲ့ Xiaomi Mi Play ဟာ Play series အနေနဲ့Xiaomi ရဲ့ ပထမဆုံး မော်ဒယ်လည်း ဖြစ်ပါတယ်။ ရောင်ပြေးမှန်ပုံစံ ကျောဘက်ကာဗာနဲ့လာတဲ့ ဒီဖုန်းဟာ အစောပိုင်းက ကြားထားတဲ့ သတင်းတွေအတိုင်း မျက်နှာပြင် ၅.၈၄ လက်မ 1080 x 2280 pixel ရုပ်ထွက်နဲ့လာတာပါ။
Xiaomi Mi Play ဟာ Honor Play လိုမျိုး GPU Turbo graphics ပါဝင်တဲ့ ဖုန်းဖြစ်လို့ဂိမ်းအကြီးတွေကို အသာလေးဆော့နိုင်မယ့် ဖုန်းတစ်လုံးလို့ပြောနိုင်ပါတယ်။ Full HD+ display နဲ့GPU Turbo Graphic တို့ကြောင့် မိုဘိုင်းဖုန်းနဲ့ဂိမ်းဆော့သူတွေအတွက် စိတ်ကျေနပ်စရာ ဖုန်းတစ်လုံး ဖြစ်မှာပါ။ nano SIM နှစ်ကဒ်သုံးနိုင်တဲ့ dual SIM အမျိုးအစား ဖြစ်ပြီး ရောင်ပြေးကာလာစပ် ဒီဇိုင်းကလည်း စိတ်ဝင်စားစရာပါ။
သုံးထားတဲ့ processor ကတော့ 2.3GHz octa core MediaTek Helio P35 processor သစ်ဖြစ်ပြီး ဒီ chipset သစ်မှာ CPU/GPU dual turbo လို့ခေါ်တဲ့ နည်းပညာ ပါရှိထားတာပါ။ ဒီ processor နဲ့တွဲဖက်ပြီး သုံးသွားမှာကတော့ RAM 4GB/64GB storage ဖြစ်ပြီး storage ကို microSD card ကနေ 256GB အထိ တိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။
တန်ဖိုးသင့် ဖုန်းတစ်လုံးမှာ dual cameras ပါလာတာကတော့ ခေတ်ရေစီးကြောင်းလို့ပြောနိုင်ပါတယ်။ Xiaomi Mi Play မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ တစ်ချက်က ကျောဘက် 12MP နဲ့2MP ကင်မရာအတွဲဟာ EIS (electronics Image Stabilization) စနစ် အပြင် AI features တွေ အပြည့်နဲ့ထွက်လာတာပါ။ ရှေ့ဘက်မှာ မျက်နှာပြင်ဖတ်စနစ် ၊ portrait modeနဲ့HDR စနစ်တွေ ရတဲ့ 8MP ကင်မရာ သုံးထားပါတယ်။
biometric စနစ်အနေနဲ့Mi Play ဟာ ကျောဘက်မှာ physical fingerprint scanner သုံးထားသလို မျက်နှာပြင်ဖတ် လော့ခ်စနစ်ကို သုံးမယ်ဆိုရင်လည်း ဆယ်လ်ဖီကင်မရာကနေ Face Unlock လုပ်နိုင်မှာပါ။ ဒီဖုန်းမှာ သုံးထားတဲ့ 3000 mAh ဘက်ထရီကတော့ USB Type C ကနေ အားသွင်းတာဆိုပေမယ့် fast charging မရပါဘူး။
Photo: droidholic
ဆော့ဖ်ဝဲလ်စနစ်ပိင်းမှာ MIUI 10 ပါဝင်တဲ့ Android 8.1 Oreo ကို သုံးထားပြီး အနက် ၊ အပြာ နဲ့Twilight Gold ကာလာတွေနဲ့ထွက်လာတာပါ။ တရုတ်ဈေးကွက်မှာ Xiaomi Mi Play ကို ၁၀၉၉ ယွမ်(မြန်မာငွေ ၂ သိန်းခွဲ) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။