တိုက်စစ်က လုံလောက်ပြီးသားလို့ ပြောခဲ့တာပါ။

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းက အဲဗာတန်အသင်းကို အနိုင်ရရှိဖို့အတွက် လုံလောက်တဲ့အရဲစွန့်မှု မပြုလုပ်ခဲ့ဘူးဆိုတဲ့ ပြောကြားချက်ကို ဒေါသတကြီးတုံ့ပြန်ခဲ့ပြီး Playstation ဂိမ်းဆော့နေတာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အဲဗာတန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့အတွက် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို လက်လွှတ်ခဲ့ရပြီး နောက်ဆုံး ၆ ပွဲမှာ ဂိုးမရှိသရေကျခဲ့တာ ၄ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အဲဗာတန်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ယာဂင်ကလော့ပ်ကို ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲအတွက် အရေးပါတဲ့ အနိုင် ၃ မှတ် ရယူနိုင်ဖို့ လီဗာပူးအသင်းအနေနဲ့ နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ကို ထည့်သွင်းပြီး တိုက်စစ်ကို ပိုပြီး မြှင့်တင်လို့ ရကောင်းရနိုင်ခဲ့လား၊ မရနိုင်ဘူးလားလို့ မေးမြန်းခဲ့ရာမှာ ကလော့ပ်က အခုလို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“ခင်ဗျားရဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ကို စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ Playstation ကစားနေတာမဟုတ်ပါဘူး”

“ဒီနေ့ ကျွန်တော်တို့ လုံလောက်တဲ့ အရဲစွန့်မှုမျိုး မလုပ်ခဲ့ဘူးလို့ ခင်ဗျားထင်လား။ အဲဒါ အရမ်းကို စိတ်ပျက်စရာကောင်းတဲ့ မေးခွန်းပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားပြောတဲ့အဓိပ္ပာယ်က အရမ်းလွယ်နေသလိုပဲ။ ကျွန်တော်က ‘ကောင်လေးတွေ လာခဲ့။ ငါတို့တွေ ပိုပြီး အရဲစွန့်ကြရအောင်။ ငါတို့တွေ အရဲစွန့်ကြမယ်’။ ‘ခင်ဗျား တွေးကြည့်လို့ရလား’။ ကျွန်တော်တို့ အနိုင်ရရှိဖို့ မကြိုးပမ်းခဲ့တဲ့ သရေပွဲရော ရှိခဲ့လို့လား။ အဲဒါက ဘာမေးခွန်းလဲ”

“နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ထပ်ထည့်ရင် ပိုမိုက်သွားမယ်ပေါ့။ ခင်ဗျားက Playstation လိုမျိုး စဉ်းစားနေတာပဲ။ နောက်ထပ်တိုက်စစ်မှူး အပိုတစ်ယောက်လောက် ထပ်ထည့်လိုက်ပြီး ပြောင်းလဲသွားမယ်ပေါ့။ အဲဒီလို မဟုတ်ဘူး။ ကျွန်တော်တို့ လုံလောက်တဲ့တိုက်စစ်ရှိနေပြီးသား။ ဘောလုံးမှာက အဲဒီလိုလုပ်လို့မရဘူး။ ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာ မဆုံးရှုံးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က