ပထမသုံးလပတ် စမတ်ဖုန်းတင်ပို့မှု အလုံးရေ ၅၉ သန်း ရောက်ခဲ့ပါတယ်။

၂၀၁၉ မှာ စမတ်ဖုန်းတင်ပို့ရောင်းချမှု စံချိန်သစ်တင်နိုင်ဖို့ကြိုးစားနေတဲ့ Huawei ဟာ နှစ်အလိုက်ဝင်ငွေ မြင့်တက်နေတယ်လို့ဆိုုပါတယ်။

         ကမ္ဘာ့အကြီးဆုံး တယ်လီကွန်း vendor နဲ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Huawei ဟာ ၂၀၁၉ ပထမသုံးလပတ်မှာ အားကောင်းတဲ့ စီးပွားရေးကာလတစ်ခုကို ဖြတ်သန်းနေတယ်လို့ကုမ္ပဏီရဲ့ သုံးလပတ်အစီရင်ခံစာကို ကိုးကားပြီး South China Morning Post က ဖော်ပြထားပါတယ်။၂၀၁၉ ပထမ သုံးလပတ်အတွင်း Huwei ဟာ ဝင်ငွေယွမ် ၁၇၉.၇ ဘီလျံ ( ဒေါ်လာ ၂၆.၈ ဘီလျံ) ဝင်ခဲ့ပြီး နှစ်အလိုက် ၃၉% ဝင်ငွေ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

         Huawei ဟာ ပြီးခဲ့တဲ့ မတ်လ ၃ လပတ်အတွင်း စမတ်ဖုန်းပေါင်း ၅၉ သန်း စံချိန်တင် တင်ပို့ရောင်းချခဲ့တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကာလတူ ပထမ ၃ လပတ်မှာ Hauwei ဟာ စမတ်ဖုန်းပေါင်း ၃၉.၃ သန်းပဲ ရောင်းချနိုင်ခဲ့တာပါ။ အသားတင်အမြတ်ငွေမှာလည်း ၈% အထိ တက်လာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ပထမ ၃ လပတ်အတွင်း Huawei စမတ်ဖုန်းတင်ပို့ရောင်းချမှုဟာ ဈေးကွက်က ခန့်မှန်းထားတာထက် ပိုခဲ့တယ်လို့IHS Markit မှ အကြီးတန်း ဈေးကွက်ဆန်းစစ်သူ ဇက်ကာလီက ဆိုပါတယ်။

         "'ဒီနှစ်ထဲမှာ Huawei ဟာ စမတ်ဖုန်းတင်ပို့မှုအရ Apple ကို ကျော်သွားပါလိမ့်မယ်။ နှစ်ကုန်ပိုင်းမှာဆို ဈေးကွက်ဦးဆောင် ကုမ္ပဏီ ဖြစ်တဲ့ Samsung နဲ့သိပ်ကွာတော့မှာ မဟုတ်ပါဘူး" လို့သူက ဆိုပါတယ်။ Huawei ဟာ ဒီနှစ်ထဲမှာ စမတ်ဖုန်းပေါင်း သန်း ၂၅၀ နေ ၂၆၀ အထိ တင်ပို့ရောင်းချဖို့ပစ်မှတ်ထားနေပြီး နှစ်ကုန်ပိုင်းမှာ တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ထက်ဝက်ကို လွှမ်းခြုံနိုင်ဖို့ပစ်မှတ်ထားနေတာပါ။ စမတ်ဖုန်းအပြင် နောက်ထပ် Huawei ရဲ့ ပစ်မှတ်ကတော့ တယ်လီကွန်းဈေးကွက် ဖြစ်ပါတယ်။

Photo: huaweicentral

         5G ကွန်ရက်ပစ္စည်းတွေရောင်းချမှုကလည်း Huawei ဟာ အနည်း Carrier စီးပွားရေး ၁၀% တိုးဖို့မျှော်လင့်နေပါတယ်။ ၂၀၂၀ မှာ တယ်လီကွန်းအော်ပရေတာတွေနဲ့စီးပွားရေးတွေဟာ 5G အတွက် အပြိုင်အဆိုင် အကောင်အထည်ဖော်နေတာကြောင့် ကမ္ဘာ့အကြီးဆုံး တယ်လီကွန်း ကုမ္ပဏီကြီး ဖြစ်တဲ့ Huawei အတွက် အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

         အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေမှ Huawei ကို 5G ကွန်ရက်သစ်မှာ ဖယ်ထုတ်ဖို့ကြိုးစားနေတဲ့ ဖိအားတွေလည်း ရှိပေမယ့် မတ်လအကုန်မှာ Huawei ဟာ တစ်ကမ္ဘာလုံးမှာ 5G Commercial ကွန်ရက်အတွက် စာချုပ်ပေါင်း ၄၀ ချုပ်ဆိုနိုင်ခဲ့တယ်လို့ဆိုပါတယ်။ တစ်ကမ္ဘာလုံးမှာလည်း Huawei ရဲ့ 5G base station ပေါင်း ၇၀၀၀၀ ကျော် ရှိထားပြီး လာမယ့် မေလထဲမှာ ၁ သိန်း ကျော်ဖို့လည်း ရည်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က