မှည့်၊ စမူဆာတို့ထက် ပိုမိုက်တဲ့ သီချင်းမျိုးတွေ ဖြစ်နေမလား။

အဆိုတော် ဟဲလေးက နောက်ထပ်သီချင်းအသစ်တွေ ထွက်ဖို့ ပြင်ဆင်လို့နေပါတယ်။ ဒီတစ်ခါ သီချင်းတွေက ရှေ့ပိုင်းက ထွက်ထားတဲ့ သီချင်းတွေထက် ဘယ်လိုတွေ ထူးခြားဦးမလဲ ဆိုတာ မကြာခင် သိရတော့မှာပါ။

 

Photo : ဟဲလေး

ဂီတလောကမှာ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော်ဟဲလေးက ပရိသတ်တွေ ရိုးမသွားအောင် သီချင်းသစ်လေးတွေနဲ့ အမြဲတမ်း ဖမ်းစားနေသူပါ။ ရှေ့ပိုင်းက ထွက်ထားတဲ့ မှည့်၊ စမူဆာ စတဲ့သီချင်းတွေနဲ့ သူကိုယ်သူ စံချိန် ပြန်ချိုးနိုင်ခဲ့တဲ့ ဟဲလေးက နောက်ထပ်လည်း သီချင်းခပ်မိုက်မိုက်လေးတွေ ထွက်လာဖို့ ရှိသေးတယ်လို့ ဆိုပါတယ်။

“ကျွန်တော်နောက်ထပ် ထူးထူးခြားခြားလေးတွေ ပရိသတ်တွေကို ပေးဖို့ရှိတယ်။ V7 ကနေ သီချင်းတွေ ထွက်ဖို့လည်း ရှိတယ်။ အနုပညာဖြတ်သန်းလာတာ ၁၉နှစ်တောင် ရှိသွားပြီဆိုတော့ မြင်နေကျ ပုံစံဖြစ်နေမှာစိုးတယ်။ အမြင်လေးပြောင်းသွားအောင် အရသာ အချိုလေးတွေကျွေးတာ များနေပြီဆိုတော့ အပူလေးတွေအစပ်လေးတွေကျွေးတာပေ့ါ” လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။

Photo : ဟဲလေး

သူ့ရဲ့ ဖန်တီးမှုများနဲ့ ပတ်သက်ပြီး လက်ခံတဲ့ ပရိသတ်တွေလည်း ရှိသလို ဝေဖန်တဲ့ ပရိသတ်တွေလည်း ရှိလို့နေခဲ့ပါတယ်။ ဝေဖန်တဲ့သူတွေရှိနေပေမယ့်လည်း ဟဲလေးကတော့ မခံစားတတ်တော့ဘူးလို့ ဆိုပါတယ်။

“ဒီဘက်ခေတ်က အကောင်းအဆိုးမျှတယ်။ ကောင်းလည်း ဆဲချင်ဆဲတယ်။ချီးကျူးတဲ့သူလည်း သပ်သပ်ရှိတယ်။ ချီးကျူးတဲ့သူလည်း သပ်သပ်ရှိတယ်ဆိုတော့ အဲ့အပေါ်မှာတော့ အရမ်းကြီးမြှောက်ရင်လည်း မခံစားတတ်ဘူး ဝေဖန်လည်း မခံစားတတ်ဘူး လုပ်စရာရှိတာအကောင်းဆုံးလုပ်တယ်။ အဓိကတော့ ကိုယ်ပေးလိုက်တဲ့ သီချင်းတစ်ပုဒ် အချိန် ၂မိနစ်၊ ၃မိနစ်လေးကို ကြည့်ပြီး အဲဒီအပေါ်မှာ ပရိသတ်တွေ ပျော်ရွှင်ဖို့ ကြည်နူးဖို့ကိုပဲ အဓိကထားတယ်” လို့ သူက ဆိုပါတယ်။

Photo : ဟဲလေး

အနုပညာကို ငယ်စဉ်ကတည်းက အရမ်းကို ရူးသွပ်ခဲ့တဲ့ ဟဲလေးက အခုချိန်ထိလည်း ရူးသွပ်နေဆဲပါတဲ့။ သီချင်းရေးတဲ့အပိုင်းမှာရော သီချင်းဆိုတဲ့ အပိုင်းမှာပါ အောင်မြင်မှု ရရှိထားပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ ဟဲလေးက လက်ရှိမှာ နယ်ရှိုးပွဲတွေ ဆက်တိုက်ဆိုသလို ဖျော်ဖြေနေရတာ တွေ့ရပါတယ်။ဟဲလေးဟာ ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးဆိုရင်လည်း မမှားပါဘူး။

သာယာတဲ့ မိသားစုလေးကို တည်ထောင်ထားပြီး သူချစ်တဲ့အနုပညာများကို ဖန်တီးနေသူ ဖြစ်ပါတယ်။ ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းတို့ဟာ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ ၂၄နှစ်တာရှိခဲ့ပါပြီ။ ရည်စားမဖြစ် ခင် (၆)နှစ်၊ ရည်းစားဖြစ်ပြီး (၈)နှစ်နဲ့ အိမ်ထောင်သက်က(၁၀)နှစ် ပါတဲ့။ အိမ်ထောင်သက်(၁၀)နှစ်အတွင်းမှာ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။



Share

Loading Next Article...
က္က