အနိုင်ရတဲ့ ထိပ်ဆုံး ၄ သင်းက နိုင်ငံတကာ အဆင့်ကို ဆက်လက်ယှဥ်ပြိုင်ခွင့်ရမှာပါ။

PMCO SEA Final ကိုတက်လှမ်းကစားခွင့်ရစေတဲ့ ပြိုင်ပွဲဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာတော့ ချန်ပီယံအသင်းက USD တစ်သိန်းခွဲ ရရှိမှာလို့ သိရပါတယ်။

မြန်မာ့ဆက်သွယ်ရေး ကုမ္ပဏီ MPTက အဓိက ကူညီပံ့ပိုးပေးထားပြီး PUBG MOBILE က ကြီးမှူး ကျင်းပပြုလုပ်မယ့် PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲကြီးကို မတ်လ ၁ ရက်နေ့က စတင်ကျင်းပသွားမယ်လို့ PUBG MOBILE က သတင်းထုတ်ပြန်လာပါတယ်။

ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်လိုသူတွေအနေနဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ အွန်လိုင်းကတဆင့် စာရင်းသွင်းနိုင်ပြီး အသင်းပေါင်း ၁၂၀၀ထိ လက်ခံသွားမယ်လို့လည်းသိရပါတယ်။

မတ်လ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပထမအဆင့် ပွဲစဥ်တွေကို ကျပန်းအုပ်စုခွဲပြီး တစ်အုပ်စုကို အသင်း ၂၀နဲ့ အုပ်စု ၆၀ ခွဲကာ အွန်လိုင်းစနစ်နဲ့ စတင်ယှဥ်ပြိုင်ရမှာပါ။

အုပ်စုတွင်းက စုစုပေါင်းရမှတ်အများဆုံး ရတဲ့ အသင်း ၂ သင်းစီက ဒုတိယအဆင့်ပွဲကို ဆက်လက်ယှဥ်ပြိုင်ကစားခွင့်ရမှာလို့ လည်းသိရပါတယ်။

ဒုတိယအဆင့်ပွဲတွေကို မတ်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဆက်လက်ယှဥ်ပြိုင်ကစားစေမှာ ဖြစ်ပြီး ပထမအဆင့် နည်းတူ အမှတ်အများဆုံးရတဲ့ တစ်အုပ်စုစီက အသင်း၂ သင်းစီ ဗိုလ်လုပွဲအဆင့် တက်လှမ်းမှာပါ။

အဲ့နောက် ဗိုလ်လုပွဲကိုတက်ရောက်လာတဲ့ အသင်း၁၆သင်းနဲ့ မနှစ်ကပြိုင်ပွဲမှာ ပထမနဲ့ဒုတိယရတဲ့အသင်း၂သင်း စုစုပေါင်း ၁၈ သင်းက PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲကို ပြိုင်စေမှာလို့ သိရပါတယ်။

ဗိုလ်လုပွဲအဆင့်မှာ အနိုင်ရတဲ့ အသင်း ၄သင်းကတော့ PMCO SEA wildcard Final ကို တက်ရောက်ကစားခွင့်ရမှာလည်း ဖြစ်သလို ပထမအဆင့်အနိုင်ရတဲ့အသင်းက ဆုကြေးငွေ သိန်း ၁၅၀၊ဒုတိယရတဲ့အသင်းက သိန်း ၁၀၀၊တတိယရတဲ့ အ သင်းက သိန်း ၆၀နဲ့ စတုတ္ထရတဲ့အသင်းက သိန်း ၃၀ အသီးသီးရကြမှာပါ။

ဒါ့အပြင် အဆင့် ၅ ကနေ ၈ ထိရတဲ့အသင်းတွေကလည်း ၁၅ သိန်းစီရကြမှာ ဖြစ်ပြီး အဆင့် ၉ က ၁၈ ရတဲ့ အသင်းတွေက တော့ ၁၀ သိန်းစီ ရကြမှာလည်း ဖြစ်ပါတယ်။

PMCO SEA Wildcard Finalပွဲကတော့ အာဆီယံဒေသတွင်းက ကိုယ်ပိုင်လိဂ်မရှိတဲ့ နိုင်ငံတွေ ဖြစ်တဲ့ မြန်မာ၊ကမ္ဘောဒီးယား၊ လာအို၊ဘရူနိုင်း၊အရှေ့တီမော၊စင်ကာပူနှင့်ဖိလစ်ပိုင် နိုင်ငံတွေက အသင်း၁၆ သင်းတို့ အွန်လိုင်းကတဆင့် ကစားကြရမှာပါ။

ထိပ်ဆုံးရတဲ့ ၃ သင်းကသာ ကိုယ်ပိုင်လိဂ်ရှိတဲ့ ထိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှား၊မလေးရှားတို့ကအသင်းတွေနဲ့ပေါင်းပြီး PMCO SEA Final ကို တက်လှမ်းကစားခွင့်ရမှာပါ။ ဒီပြိုင်ပွဲမှာတော့ ပထမဆုရတဲ့ အသင်းက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ ရရှိ မှာလည်း ဖြစ်ပါတယ်။

စာရင်း ‌ေပေးသွင်းရန်နှင့်ပြိုင်ပွဲအသေးစိတ်အချက်အလက်များ သိရှိရန်


Share

က္က