မှော်ဝင်သမန်းကျား ဇာတ်ကားနဲ့ ရရှိခဲ့တာပါ။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ကို ရရှိပိုင်ဆိုင်သွားတဲ့ သူထူးစံ။

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကိုတော့ သရုပ်ဆောင် သူထူးစံက ''မှော်ဝင်သမန်းကျား'' ရုပ်ရှင်ဇာတ်ကား နဲ့ ပထမဆုံးအကြိမ် ဆုရရှိသွားတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မထင်မှတ်ထားလောက်အောင် ပျော်ရွှင်သွားတာကို တွေ့ရပါတယ်။



ကျွန်တော် အနုပညာသက်တမ်း ၂၁ နှစ် ရှိပါပြီ။ ဆရာတွေက အများကြီးပါ။  သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့ကို ကာယကံ ဝဇီကံ မနောကံတို့နဲ့ ပြစ်မှားခဲ့သည်ရှိသော် ဒီနေရာကနေ ကန်တော့ပါတယ်။ ကျွန်တော် မရိုင်းပါဘူး၊ လိမ္မာအောင် ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်"လို့ သူထူးစံက ဆိုပါတယ်။

အနုပညာကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့လည်း ပရိသတ်ကို သူထူးစံက အကယ်ဒမီစင်မြင့်ပေါ်ကနေကတိပေးသွားပါတယ်။



တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကိုအကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ် ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ် (၂၀၁၉ ခုနှစ်)မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲကို မတ်လ ၂၃ ရက်နေ့က The One Entertaianment Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေက အလေးထား စောင့်ကြည့်ရတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒီပွဲအပေါ် အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ ရင်ခုန် စိတ်လှုပ်ရှားရင်း တစ်နှစ်တစ်ခါ စောင့်မျှော်ရတဲ့ ပွဲပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က