သရဲရှိတယ်ဆိုတာကို ယုံတယ်။

သရဲကြောက်တတ်ပါတယ်ဆိုတဲ့ သရုပ်ဆောင် ထူးခြားကတော့ ပထမဆုံးအကြိမ် သရဲခြောက်ခံရဖူူးတဲ့ အတွေ့အကြုံတွေ ပြောပြလာပါတယ်။ သရဲ တကယ်ရှိတယ်ဆိုတာကိုလည်း ယုံကြည်တယ်လို့ဆိုပါတယ်။

Photo: Htoo Char



ထူးခြားကတော့ ဒါရိုက်တာ ညိုမင်းလွင်နဲ့အတူ နယ်မှာ ဇာတ်ကားသွားရိုက်ရင်း သရဲခြောက်ခံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောလာပါတယ်။ သူ သရဲခြောက်ခံခဲ့ရတဲ့ ဟိုတယ်ကလည်း ဘယ်ဧည့်သည်မှ မတည်းရဲတဲ့ ဟိုတယ်ပါလို့ Duwun media ကနေ ပြောပြခဲ့ပါတယ်။

‘’ကိုညိုနဲ့ ဇာတ်ကားရိုက်ကူးက မှတ်မှတ်ရရပေါ့။ ရှုတင်က အားလုံးပြန်သွားပြီ။ အဲဒီဟိုတယ်ကို ရောက်တဲ့အချိန်မှာ ကိုသားညီက ကျွန်တော့်ကိုပြောတယ်။ ထူးခြား တဲ့ ငါတို့ တည်းတဲ့ ဟိုတယ်မှာ လိုက်တည်းတဲ့။ ဒီ ဟိုတယ်မှာ မတည်းနဲ့လို့ပြောတယ်။ ရတယ်ပေါ့ ကျွန်တော့်ဘာသာ ကျွန်တော်တည်းမယ်ဆိုပြီးတော့ တစ်ယောက်တည်းကျန်ခဲ့တယ်။ ညနေ ၃ နာရီလောက်မှာ ဖေ့စ်ဘွတ်သုံးနေတာ ကုတင်ပေါ်မှာပေါ့။ တံခါးကလည်း ဖွင့်ထားရော၊ တံခါးနဲ့ ကုတင်နဲ့ကလည်း နီးနီးလေးပေါ့နော်။ အဲဒီမှာ တံခါးကို အားကြီးနဲ့ ဆွဲပိတ်သလိုကြီး၊ ပိတ်ခါနီးကျတော့ ရပ်သွားတယ်။ အဲဒီမှာ ကျွန်တော် ထ ဆဲလိုက်ရော။ အိမ်သာရေကြီး ထဆွဲတာ ဝုန်းကနဲပဲ ကြမ်းတယ်ဟ ပေါ့။ အဲဒီမှာ ကျွန်တော်လည်း အရက်လေး တစ်ခွက်သောက်ပြီး အိပ်ပျော်သွားရော။ စုံစမ်းလိုက်တော့ ဟိုတယ်ပိုင်ရှင်ရဲ့သားက သေထားတာ။ အဲဒီဟိုတယ်မှာ ဘယ်သူမှ မတည်းရဲကြဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Htoo Char

သရဲကြောက်တတ်တဲ့ ထူးခြားကတော့ တကယ်ကြမ်းတဲ့ သရဲနဲ့ ဆုံလိုက်ရတဲ့ အတွေ့အကြုံတွေကို ပြောလာပါတယ်။

‘’ သရဲကို အရင်တုန်းက ကြောက်တယ်။ တကယ်တွေ့လိုက်ရတဲ့အချိန်မှာ မကြောက်တော့ဘူး။ ဒါ ပထမဆုံးတစ်ခါပေါ့။ ပြီးတော့ အင်းလေးမှာ ၂ခါ လောက်တော့ ကြုံဖူးတယ်။ ဦးဝင်းထွန်းထွန်းနဲ့ ဇာတ်ကားရိုက်တုန်းကလည်း ကြုံဖူးတယ်။ လုပ်ပါဦးတဲ့ ဒီမှာ ဘာဖြစ်မှန်း မသိဘူးတဲ့။ တကယ်တော့ ရတနာဖြူဖြူအောင်ကို သရဲဝင်ပူးတာ။ အဲဒီတုန်းက တစ်ခါကြုံဖူးတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၈ ရက်နေ့က မြမြ ရုပ်ရှင်အတွက် မုဒိမ်းကောင်ဇာတ်ရုပ် ရွေးချယ်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Htoo Char

ပရလောကတို့ ၊ သရဲ တို့ တကယ်ရှိတယ်ဆိုတာကိုတော့ ထူးခြား ကိုယ်တိုင်က ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

‘’သရဲတကယ်ရှိတယ်ဆိုတာကိုတော့ ကျွန်တော်က ယုံတယ်။ ရှိ၊ မရှိ စူးစမ်းတာမျိုးတော့ မရှိဘူး။ ချွတ် ချွတ် ချက် ချက် အသံကြားရင်တော့ ကျွန်တော်က ဘာလုပ်ပေးရမလဲ၊ မင်းတို့က ကိုယ်တွေဘာတွေ ဖျောက်တတ်တယ်။ မဟားတရားတော့ မပြနဲ့တို့ ဘာတို့ပေါ့။ ဗြူးဗြဲ ပြရင်လည်း ကျွန်တော် လန့်ပြီး သေသွားမှာလည်း ကြောက်ရသေးတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Char

ထူးခြားကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အော်ရဂျင်နယ် ဂိုဏ်းစတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေ ပိုသတိထားမိခဲ့ကြပါတယ်။ လက်ရှိမှာလည်း သူဟာ အက်ရှင်ဇာတ်ကား တော်တော်များများရိုက်ကူူးနေရတာဖြစ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က