သူမရဲ့ သီချင်းလေးအကြောင်း ပြောပြလာပါတယ်။

မြတ်သူသူကတော့ ဇာတ်ကားရိုက်တာတွေ နားနေရတဲ့အချိန်မှာ သီချင်းဆိုချင်တဲ့ ဝါသနာကို အကောင်အထည် ဖော်နေတဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: Myat Thu Thu



ပရိသတ်အချစ်တော် မင်းသမီးချောလေး မြတ်သူသူကတော့ သူမကိုယ်တိုင်သီဆိုထားတဲ့ သီချင်းလေး တစ်ပုဒ်ကို မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။ သူမရဲ့ ပထမဆုံး သီချင်းဖြစ်တာကြောင့် စိတ်လှုပ်ရှားနေတယ်လို့ Duwun ကို ပြောပါတယ်။ 

“အဓိက ကပထမဆုံးအနေနဲ့ မြတ်သူ လုပ်ချင်တဲ့ အရာလေးကို လုပ်ရတာ ပျော်တယ်။ အရင်တုန်းဆိုရင် စနေ၊ တနင်္ဂနွေ ကိုယ် အားတဲ့အချိန်လေးတွေ Studio လေးသွားရတယ်။ ဇာတ်ကားလည်းရိုက်နေရတာဆိုတော့ အားစိုက်ထုတ်မှု နည်း သွားတာပေါ့နော်။ အခုကျတော့ သီချင်းကို အကြိမ်ကြိမ် နားထောင်၊ ကိုယ့်စိတ်ကြိုက်ဖြစ်တဲ့အထိ တွဲပြီးတော့ လုပ်ထားတာတော့ ကိုယ့်ဘာသာကိုယ်တော့ ကျေနပ်တယ်။ သီချင်းကတော့ ကိုယ်ပိုင် သီချင်းပါပဲ။ Prefessional မဟုတ်တဲ့အတွက် အားနည်းချက်တော့ ရှိကောင်း ရှိနိုင်တယ်။ ကိုယ် အကောင်းဆုံး လုပ်ထားတဲ့ အရာတစ်ခုကို ပရိသတ်ကို နားထောင်စေချင်လို့ စီစဉ်ဖြစ်တာပါ " လို့ သူကဆိုပါတယ်။ 

Photo: Myat Thu Thu

မြတ်သူသူက သီချင်းကို သူမရဲ့ ကိုယ်ပိုင် Facebook Page ကနေ မိတ်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။ ဘယ်နေ့မှာ မိတ်ဆက်ပေးမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း သူမက ပြောပြခဲ့ပါတယ်။ 

“ သီချင်းအမျိုးအစားက R&B ပုံစံလေးပါ။ သီချင်းနာမည်ကတော့ “နှစ်သိမ့်ဆု” ဆိုတဲ့ နာမည်ပါ။ MTV လေးရိုက်ပြီး တင်ပေးချင်တာဆိုတော့ ဘယ်လို စီစဉ်လို့ရမယ်ဆိုတာကို စုံစမ်းနေတုန်းပါပဲ။ တကယ်လို့ တင်ဖြစ်ရင် မြတ်သူရဲ့ Facebook Page ကနေ တင်ပေးသွားမှာပါ။ အဆင်ပြေတယ်ဆိုရင်တော့ မြတ်သူရဲ့ မွေးနေ့ ကျော်ရင် အချစ်သီချင်းလေး တစ်ပုဒ်တင်ပေးမယ်။ အဓိက ကတော့ Feedback လေးတွေ လိုချင်တယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို ကြည့်ပြီးမှ ကိုယ် ဆက်လုပ်ဖြစ် မလုပ်ဖြစ် ဆိုတဲ့ ခွန်အားတစ်ခုကို စောင့်ကြည့်ရမှာပါ" ဆိုပြီးတော့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Myat Thu Thu

မြတ်သူသူဟာ သရုပ်ဆောင် အလုပ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေသူ တစ်ယောက်ပါ။ အနုပညာနဲ့ ပတ်သက်ပြီး ဂီတကို ဝါသနာပါသူဖြစ်တဲ့အတွက် Stay Home ကာလမှာ အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ 

“ Covid ကာလမှာ မြတ်သူတို့ ကားရိုက်တွေ လုပ်လို့မရဘူး ဆိုတော့ ကိုယ်က အလုပ်မရှိရင် မနေတတ်တာရယ်၊ သီချင်းဆိုချင်တဲ့ ဆန္ဒလေးကလည်းရှိနေတာပေါ့နော်။ အရင်တုန်းကဆိုရင် ကားရိုက်တာတွေ များနေတော့ သီချင်းဘက်ကို မလှည့်နိုင်ဘူး။ အခုကျတော့ ကိုယ်ရတဲ့ အချိန်လေးမှာ လူစုလူဝေးလည်းမဖြစ်အောင် ကိုယ်လုပ်ချင်တဲ့ အနုပညာအလုပ်လေးကို လုပ်တဲ့ သဘောပါ” လို့ သူက ဆိုပါတယ်။ 

Photo: Myat Thu Thu

မြတ်သူသူကိုတော့ ပရိသတ်တွေက ဝိညာဉ်ရှိုက်သံ၊ ဝင်္ကပါစံအိမ်၊ ရတနာထဲကရတနာ စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ အဲဒီနောက် ‘’ပျားရည်အိုင်’’ ရုပ်သံဇာတ်လမ်းတွဲထဲမှာ ‘’မြညို’’ ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ ပိုမိုအားပေးလာကြတာ တွေ့ရပါတယ်။ အခုချိန်ထိလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ် အခိုင်အမာ ရရှိလာသူ ဆိုရင်လည်း မမှားပါဘူး။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က