မတ်လ ၁ ရက်နေ့မှာ ပထမအကြိမ်ဖွင့်လှစ်တဲ့ သိန်းတစ်သောင်းခွဲဆုကို နေပြည်တော် ပရဟိတဘုန်းကြီးကျောင်းမှ ဆရာတော်တစ်ပါး ဆွတ်ခူးသွားခဲ့ပါတယ်။
(သိန်းတစ်သောင်းခွဲ ဆွတ်ခူးရရှိခဲ့သည့် ဆရာတော် ဦးစန္ဒိမာ)
ကံထူးရှင် ဆရာတော်ဟာ နေပြည်တော် ပုဗ္ပသီရမြို့နယ်၊ တောင်နီလေးကျောင်းတိုက် အေးမေတ္တာစံ ပရဟိတကျောင်းမှ ဆရာတော် ဦးစန္ဒိမာ ဖြစ်တယ်လို့သိရပါတယ်။ ဆရာတော်ဟာ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေရဲ့ လမင်းကြယ်စင် ထီဆိုင်ကနေ အ-၇၉၂၉၄၁ နံပါတ်နဲ့ အောင်ဘာလေသိန်းတစ်သောင်းခွဲထီဆုကြီးကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။သိန်းတစ်သောင်းခွဲဆုဟာ ကျပ်တစ်ထောင်တန်ထီအတွက် ဖြစ်ပြီး မတ်လ ၁ ရက်နေ့မှာ ပထမဆုံးအကြိမ်ရေ ဖွင့်လှစ်ခဲ့တဲ့ ထီဆုမဲဖြစ်ပါတယ်။ အေးမေတ္တာစံ ပရဟိဘုန်းကြီးကျောင်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ မိသားစု အမြဲတမ်းသွားရောက်လှူဒါန်းနေကြတဲ့ ဘုန်းကြီးကျောင်းဖြစ်တယ်လို့လည်း သိရပါတယ်။