Myanmar Idol Season 2 မှာကတည်းက ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ရဲနောင်ကတော့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိလာပါပြီ။ အခွေ နာမည်ကိုတော့ ချာလီ လို့ နာမည်ပေးထားပါတယ်။
Photo: Ye Naung Fb
Myanmar Idol Season 2 ကနေ ပရိသတ်အားပေးမှုရရှိထားတဲ့ ရဲနောင်က သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ '' Charli Album'' ကို အောက်တိုဘာလ ၁ ရက်နေ့ဆိုရင် ပရိသတ်တွေဆီအရောက် ပို့ဆောင်ပေးတော့မယ်လို့ သိရပါတယ်။ အခုထွက်ရှိလာတဲ့ တေးစီးရီးကတော့ ရဲနောင်အတွက် ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးဖြစ်ပါတယ်။
Photo: Ye Naung Fb
ချာလီ တေးစီးရီးရဲ့ Production ပွဲကို အောက်တိုဘာလ ၆ ရက်နေ့ ကျရင် မအူပင်မြို့မှာရှိတဲ့ တိုးရွှေဝါ ခန်းမမှာ ည ၇ နာရီကနေ ၁၀ နာရီ အထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ရဲနောင်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက် ၂၄ နှစ်ပြည့် မွေးနေ့အမှတ်တရအနေနဲ့ မအူပင်မြို့နယ် တိုးရွှေဝါ ခန်းမ မှာကျင်းပပြုလုပ်ခဲ့ပါသေးတယ်။
Photo: Ye Naung Fb
ရှေ့ဆက်ပြီး အတူတူကြိုးစားမယ်လို့ ရဲနောင်ကို ပြောလိုက်တဲ့ ပိုးမီ
ရဲနောင်ဟာ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီဖြစ်တဲ့ Charli Album ထဲမှာ သီချင်းအမျိုးအစားစုံလင်စွာ ထည့်သွင်းသီဆိုထားပါတယ်။ ဒီအခွေထဲ မှာ သီချင်းပေါင်း ၁၀ ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။ ထူးထူးခြားခြားအနေနဲ့ ရဲနောင်ရဲ့ တစ်ကိုယ်တော် တေးစီးရီးထဲမှာ Feacturing အနေနဲ့ ပါဝင်သီဆိုထားတဲ့ အဆိုတော်တွေ မရှိပါဘူး။ တစ်ခွေလုံးမှာ သူ့တစ်ယောက်တည်း သီဆိုထားတာဖြစ်ပါတယ်။
Photo: Ye Naung Fb
ရဲနောင်ကတော့ Myanmar Idol ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေအားပေးမှု ရရှိခဲ့သူ ပြိုင်ပွဲဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အခုဆိုရင် ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူ ဖြစ်သလို သူ့ရဲ့ ဖန်တီးမှု ရသအသစ်တွေကို တင်ဆက်နိုင်အောင်လည်း ကြိုးစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။