ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ဟာ ဒီနေ့(ဒီဇင်ဘာ၆ရက်)မှာ ချိန်းဆိုထားတဲ့ ပထမဆုံး ရုံးချိန်းသို့ တက်ရောက်လာခြင်းမရှိဘူးလို့ သိရပါတယ်။ တရားရုံးဘက်ကလည်း ဒီနေ့မှာ ရုံးတော်ရှေ့ လာရောက်ရန်ဆင့်ခေါ်စာပို့ထားပေမယ့် တရားလိုသာ ရုံးချိန်းသို့ လာရောက်ခဲ့တာ တွေ့ရပါတယ်။

မိုးအောင်ရင် ရုံးချိန်းမလာခဲ့တာနဲ့ ပတ်သက်ပြီး ရည်စားဟောင်းက ယခုလို ပြောခဲ့ပါတယ်။

“မလာဘူးဆိုတာ သူ့ကိစ္စနဲ့သူရှိမှာပါ။ သူတို့ဘက်ကလည်း အလွန်အကြူးပြောထားတာ ရှိတယ်။အမှန်တရားဖြစ်ဖို့အတွက် ဒီလိုတရားစွဲတာပါ။ နစ်နာဖို့အတွက် မဟုတ်ပါဘူး” ဆိုပြီး မိုးအောင်ရင်ရဲ့ ရည်းစားဟောင် ခင်မြတ်နိုးက ဒီနေ့ ရုံးချိန်းမှာ မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း မိုးအောင်ရင်ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုလိုက်တဲ့ကိစ္စကလည်း သူမရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး အများကြီး ထိခိုက်မှုတွေ ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

“သူနဲ့က မီဒီယာမှာ အင်တာဗျူးဖြေထားပြီးကတည်းက အဆက်အသွယ်မရေ တာ့တာပါ။ သူတို့မီဒီယာမှာ ဖြေလိုက်ကတည်းက ညီမရဲ့ ဂုဏ်သိက္ခာအများကြီး ထိခိုက်သွားတယ်။ အိမ်ထဲက အိမ်ပြင်တောင်မထွက်နိုင်ဘူး ဖြစ်ခဲ့ရတယ်” လို့ သူမက ပြောပါတယ်။

မိုးအောင်ရင်ဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။

 သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က