မတ်လ ၉ ရက်နေ့ လုပ်ခဲ့တာပါ။
MyJobs.com.mm ရဲ့ Yangon Digital CV Job Fair ကို မတ်လ (၉)ရက်နေ့ မနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ Rose Garden Hotel မှာ ကျင်းပခဲ့ပါတယ်။

Photo - Gallery



ဒီ Job Fair မှာ CB Bank, BrainWorks Integrated School တို့က Diamond Partner ၊ Gold AYA Intrenational Group မှ Platinum အဖြစ် ပါဝင်ခဲ့ကြပါတယ်။

ပွဲအတွင်း အလုပ်အကိုင် လာရောက်လျှောက်ထားသူတွေကို QR Code System အသုံးပြုပြီး အလုပ်လျှောက်ထားပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောပြခဲ့ပြီး ဖုန်းထဲမှာ CV ရှိရုံနဲ့ Online မှတစ်ဆင့် အလုပ်လျှောက်ထားနည်းတွေကို လည်း မျှဝေခဲ့ပါတယ်။ ကုမ္ပဏီပေါင်း (၃၀) ကျော်က လစ်လပ်နေတဲ့ အလုပ်အကိုင် နေရာပေါင်း (၅၀၀) ကျော်ကို ခေါ်ယူခဲ့ပြီး ပြပွဲကို အလုပ်ရှာဖွေနေသူများစွာလည်း တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ပြပွဲမှာ Blue Ocean Investment မှ Chief Officer ဦးဝင်းကိုကိုအောင်၊ MY SPORTS မှ Senior Marketing Communication Manager ဒေါ်ဆင့်စန္ဒာ၊ Shop.com.mm မှ HR Director ဒေါ်ရည်မွန်ကျော် တို့က အလုပ်အကိုင်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်အလိုက် ဟောပြောဆွေးနွေးပေးခဲ့ပြီး ၎င်းတို့ရဲ့ အတွေ့အကြုံတွေကိုလည်း ဝေမျှခဲ့ကြောင်းလည်း သိရပါတယ်။

Photo - Gallery

ဒီ Job Fair ဟာ MyJobs.com.mm ကနေကျင်းပတဲ့ ပထမဆုံး Yangon Digital CV Job Fair ဖြစ်ပါတယ်။ MyJobs.com.mm ဟာ ၂၀၁၂ ခုနှစ်တည်းက တည်ထောင်ခဲ့ပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အလုပ်အကိုင်ရှာဖွေရေး ပလက်ဖောင်း အဖြစ် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က